ကာမိုင်း   ၇   ဖေဖော်ဝါရီ             

 

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာ၌ ဖေဖော်ဝါရီ (၆)ရက်နေ့ ညနေ(၅)နာရီခွဲအချိန်က ခရီးသည်တင်ကားနှင့် နွားတိုက်မိ၍ ခရီးသည်တစ်ဦးသေဆုံး ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကာမိုင်းမှ မိုးကောင်းသို့ ယာဉ်မောင်း ဦးခင်အောင်ဇော် မောင်းနှင်လာသည့် ယာဉ်သည် မဂေါင်း တောင်ကျေးရွာ ကီလိုမီတာအမှတ် (၂)နှင့် (၂.၅)ကြားတွင် အရှိန်မထိန်းနိုင်ဘဲ နွားအား ဝင်တိုက်မိ၍ ကားလမ်း၏ အရှေ့ဘက်သို့ထိုးကျကာ တံတားအုတ်ဘောင်နှင့်တိုက်မိပြီး ယာဉ်မောင်း ဦးခင်အောင်ဇော်တွင် ဝဲပါးဘက်ပေါက်ပြဲဒဏ်ရာရရှိကာ ၎င်းကားတွင် စီးနင်းလိုက်ပါလာသော ခရီးသည် ဦးတင်ထွန်း၊ ဈေးကုန်းရပ်ကွက်၊ မိုးကောင်းမြို့နေသူသည် နဖူးပေါက်ပြဲဒဏ်ရာရရှိ၍ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဦးခင်အောင်ဇော်ကို ကာမိုင်းနယ်မြေရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင်မှုနှင့် ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)