ငပုတော ၁၉ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငှက်ပေါက်ကျေးရွာအုပ်စု၊ ဖိုးညိုကုန်းကျေးရွာတွင် လယ်ကွင်းအတွင်းရှိ ရေတွင်းမှရေအား နွားများရေတိုက်ရန် ကျောက်စည်ပိုင်းထဲသို့ ခပ်ထည့်ခဲ့ပြီး ထိုကျောက်စည်ပိုင်းထဲရှိ ရေအား နွားများသောက်မိရာမှ ယနေ့နံနက် ၈ နာရီတွင် နွား ၁၁ ကောင် ရေတွင်းအနီးတစ်ဝိုက်၌ လဲကျသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ နွားများသောက်သုံးရန် ခပ်ယူခဲ့သည့်ရေတွင်းမှာ မိုးရာသီမှအပ ကျန်အချိန်များတွင် အများပြည်သူ အသုံးပြုနေသည့် ရေတွင်းဖြစ်ပြီး နွားများသေဆုံးမှုမှာ အဆိုပါရေတွင်းနှင့် ပတ်သက်မှုရှိ၊မရှိကို စစ်ဆေးလျက်ရှိပြီး သေဆုံးသည့်နွားများ၏ အသားစနှင့် မစင်အား မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဓာတ်ခွဲစမ်းသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


