နေပြည်တော် ၁၀  ဇန်နဝါရီ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၉ ရက် ညနေ ၆ နာရီခန့်က ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက်အနီးတွင် စိုင်းလင်းဝမ်း (ခ) စိုင်းပွဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၆၆ ပြား၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ 

အလားတူယင်းနေ့ ညနေပိုင်းက လားရှိုးမြို့နယ်၊ ခါးသျှီကျေးရွာအုပ်စု၊ မူဆယ်-မန္တလေး ကားလမ်း၊ မိုင်တိုင်အမှတ်(၁၆၅/၅)အနီးတွင် ငွားတား(ခ)ယောရှု မောင်းနှင်ပြီး ကီးထွန်း လိုက်ပါလာသော မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၇၆ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊

ထို့အတူ ထို့နေ့ည ၈ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ဆတ်အင်းပြန့်ကျေးရွာအနီးတွင် စိုးသူရ(ခ)ဖိုးပြဲ မောင်းနှင်ပြီး ပွဲအောင်(ခ)မြတ်ကိုကို လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၄၅ ပြား၊ ဘိန်းဖြူ သုည ဒသမ ဝ၀ဝ၂ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)