နေပြည်တော် ၁၂ ဇန်နဝါရီ
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်၌ ယနေ့နံနက်ပိုင်းက နွားများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ် သဖြင့် ယာဉ်နောက်လိုက် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် ချောင်းချောက်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင် (၁၁၇/၃-၄)ကြား၌ ဇန်နဝါရီ ၁၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က ကျောက်မဲမြို့ဘက်မှ သီပေါမြို့ဘက် သို့ ဉီးဝင်းမြင့်ဌေး မောင်းနှင်၍ နွားထိုးကြီးမြို့နယ် ခက်လန်းကျေးရွာနေ ယာဉ်နောက်လိုက် ဉီးသိန်းလင်းထွန်း(ခ)မောင်ဝိုင်း(၂၂)နှစ်ပါ ၃ ဦးတို့ လိုက်ပါလာသည့် နွားထီးအကောင် ၂၀ တင်ဆောင်လာသော ၁၂ ဘီးယာဉ်အား ဝဲ/ယာဘက် ဘေးမှ ဆိုင်ကယ် ၂ စီးဖြင့် မောင်းနှင် လိုက်ပါလာသည့် လက်နက်ကိုင်အမျိုးသား ၄ ဦးက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မော်တော်ယာဉ်မှာ လမ်း၏ဝဲဘက်ဘေးရှိ သစ်ပင်အား တိုက်မိပြီး ရပ်တန့်သွားခဲ့ကာ ယာဉ်နောက်လိုက် ဉီးသိန်းလင်းထွန်း(ခ)မောင်ဝိုင်း၏ ယာဘက် ဦးခေါင်း/နားရွက်အောက်/ လည်ပင်းတို့အား လက်နက်ငယ်ကျည် ဖောက်ဝင် ဒဏ်ရာ ၄ ချက်ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်မောင်းအပါအဝင် ၃ ဦး မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ကျောက်မဲမြို့မ ရဲစခန်း(ပ)၆/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်


