ကျောက်မဲ ၂၅ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ နယ်မြေ (၁၁)၊ ရွှေညောင်ပင် လမ်းကြားရှိ ဦးလင်းနောင်နေအိမ်သည် ယနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်က ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေပြည်သူလူထုနှင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ခြင်းကြောင့် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
ဖြစ်စဉ်မှာ ဦးလင်းနောင်သည် ထမင်းပေါင်းအိုးဖြင့် ဆိတ်ရိုးပြုတ်ထားခဲ့ရာမှ ရေခန်းကာ အပူလွန်ကဲပြီး မီးလောင်ခြင်း ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အလျား ၃၁ ပေ၊ အနံ ၁၆ ပေ၊ အမြင့် ၁၂ ပေရှိ သွပ်မိုး၊ ထရံကာ တစ်ထပ် မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


