ကျောက်ထု ၅ ဧပြီ
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ အကြည်ပန်းပလွန်းကျေးရွာတွင် စိုက်ပျိုးထားသော ဖူးစားပြောင်း၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် ငမြောင်တောင်ပိုး ကျရောက်မှု ရှိ၊ မရှိ ကျောက်ထုမြို့ စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးကျော်မြင့်နှင့် ဝန်ထမ်းများက ယနေ့နံနက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့ပြင် စိုက်ခင်းများတွင် ကျရောက်တတ်သော ပိုးမွှားများအကြောင်း၊ ကာကွယ် နှိမ်နင်းနည်းများကို တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကြ၍ စိုက်ပျိုးနည်းစနစ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


