ကျောက်တံခါး ၃၀ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့မရဲစခန်းအပိုင် ဟာရီးကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာ စိန်ကမ္ဘာဆန်စက်၌ နိုဝင်ဘာ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်က ယာဉ်နောက်ဆုတ်စဉ် နောက်မှ အချက်ပြပေးနေသူအား တိုက်မိ၍ ဂိုဒေါင်အုတ်နံရံနှင့် ညပ်ပြီး နေရာတွင်သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ သူဌေးကုန်းကျေးရွာ စိန်ကမ္ဘာဆန်စက်တွင် ယာဉ်မောင်းဇေယျာအောင် မောင်းနှင်သော ၂၂ ဘီးယာဉ်မှာ ဆန်စက်မှဆန်များတင်ရန် ဆန်စက်အပေါက်သို့ ကားထိုးစဉ် ယာဉ်နောက်မှ လက်ပြ၍ ယာဉ်အား နောက်ဆုတ်ခိုင်းနေသော ဇော်မင်းလတ်ကို ဝင်ရောက် တိုက်မိရာ ဇော်မင်းလတ်မှာ ဆန်စက်အုတ်နံရံနှင့်ညပ်၍ ဦးခေါင်းကွဲကြေ ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါး မြို့မရဲစခန်းမှ စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


