နေပြည်တော် ၁၁ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာ၊ အိုင်တုံကွန်းအကွက် အမှတ်(၁၃)ရှိ ဝန်ချောင်းအတွင်း၌ ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီက ဆင်နင်းမိ၍ ဆင်ဦးစီး ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာနေ ဆင်ဦးစီးများဖြစ်သော ဦးဝင်းလှိုင် (၄၅)နှစ်နှင့် တစ်ရွာတည်းနေ ဦးကျော်လင်း (၄၂)နှစ်တို့သည် ဦးဝင်းမောင်ဆင်ဝိုင်းမှ စောရွှေတိုးအမည်ရှိဆင်ပါ ၂ ကောင်အား ရေချိုးပေးစဉ် စောရွှေတိုး အမည်ရှိဆင်မှာ စိတ်ရိုင်းဝင်ပြီး ဦးဝင်းလှိုင်နှင့် ဦးကျော်လင်းတို့အား နင်းခဲ့ရာ ဝမ်းဗိုက်၊ နဖူးနှင့် လည်ပင်းတို့တွင် ဒဏ်ရာများရရှိသဖြင့် သေဆုံးခဲ့၍ တောကျွဲအင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတို့(၂)ဦး သေဆုံးမှုအား တောကျွဲအင်းနယ်မြေရဲစခန်း သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


