ကျောက်တံခါး စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT) ထိုးနှံပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ကျောက်တံခါး)ပတ္တမြားခန်းမ၌ ဆောင်ရွက်သည်။

 

ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစည်သူစန်းက ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်း ၇၄ ကျောင်းမှ အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူ ၉၇၅ ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းနှင့် အသက်(၅)နှစ်မှ(၇)နှစ် မကျော်သော ကျောင်းသား ကျောင်းသူ ၁၈၀၄ ဦးအား တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)