ကျောက်တံခါး စက်တင်ဘာ ၉

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အောင်မြင်စိုက်ပျိုးရေးစခန်း နယ်မြေအတွင်းရှိ သရက်စိန်ကျေးရွာအား စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း စီမံကိန်း၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ရန် ရွေးချယ်ထားရာ စီမံကိန်းလုပ်ငန်းအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းအဖွဲ့ဝင်များသည် ယမန်နေ့က သရက်စိန်ကျေးရွာနှင့် ပဲခူးမြို့အကြားရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား သွားရောက်လေ့လာခဲ့သည်။

 

အဆိုပါ ကျေးရွာသစ်လုပ်ငန်း စီမံကိန်းတွင် အဓိကလုပ်ငန်းကြီး(၃)ရပ်ဖြစ်သည့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်း၊ လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ဝင်ငွေတိုးပွားရေးလုပ်ငန်း များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြွန်တန်ဆာစိုက်ပျိုးရေး စခန်းနယ်မြေအတွင်းရှိ ဆင်းသုခ မျိုးသန့်စိုက်ပျိုးကွက်များ၊ စက်ကြီး Seeder ဖြင့် စိုက်ပျိုးထားရှိမှု၊ ရေမြုပ်ခံစပါးမျိုးနှင့် အောင်နိုင်တိုးစပါးမျိုးများ စိုက်ပျိုးထားရှိမှုတို့ကို လေ့လာခဲ့ကြသည်။

 

ဆက်လက်၍ ဘိုင်းဒါးကျေးရွာအတွင်း လုပ်ငန်းရှင် ကိုသူ၏ ဥစား ကြက်မွေးမြူရေးလုပ်ငန်းနှင့် ဦးဝင်းဌေး၏ ဘဲမွေးမြူရေးလုပ်ငန်းများကို လေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)