ကျောက်တန်း အောက်တိုဘာ ၂၉

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ကန်ပြောင် ကျေးရွာအုပ်စုရှိ   မိုးစပါးဧက ငါးဧက   စံပြစိုက်ခင်း၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

 

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမျိုးသန်း၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့်တောင်သူများ  စုစုပေါင်း အင်အား ၅၀ ခန့်တက်ရောက်ခဲ့ပြီး ကန်ပြောင်    ကျေးရွာအုပ်စုရှိ တောင်သူ ဦးထိန်လင်း ပိုင်ဆိုင်သော      လယ်ငါးဧကတွင် ပေါင်စနစ်ဖြင့်       ပျိုးထောင် စိုက်ပျိုးထားသော   မှော်ဘီ-၃ စပါးမျိုးအား စံကွက်ရိတ်သိမ်းရာ အစိုအထွက်နှုန်း  ၁၂၈   တင်း၊ အခြောက်အထွက်နှုန်း ၁၁၈ တင်း    ထွက်ရှိကြောင်း   သိရသည်၊၊

 

သန့်ဇင်ထွန်း (ကျောက်တန်း)