ကျောက်တန်း ၁၉  မတ်


ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ အခြေခံရှေးဦး သူနာပြုစုခြင်းအမှတ်စဉ် (၃/၂၀၁၉) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉နာရီက ရွာသစ်ကြီး ကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ တာဝန်ခံက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး နောက် သင်တန်းတွင် ထူးချွန်စွာ လေ့ကျင့်လိုက်နာသင်ကြား ခဲ့သော သင်တန်းသားများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။


အဆိုပါ သင်တန်းတွင် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း၊ အပူလောင်ခြင်းစသည့် အရေးပေါ်အသက်ကယ်နည်းများကို ရှေးဦးသူနာပြုစုနည်းဖြင့် ကယ်တင်နိုင်ရေးအတွက် စာတွေ့၊ လက်တွေ့ သင်ကြားပြသခဲ့ရာ သင်တန်းသားများက စိတ်ဝင်တစားလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။


နန်းအေးခိုင်(ကျောက်တန်း )

 

1