နေပြည်တော် ၂၄ ဒီဇင်ဘာ

 

 

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲက ကောလင်းမြို့နယ်၊ ကညို့အင်းကျေးရွာအနီး၊ ထီးချိုင့်-ကျောက်တန်းသွား ကားလမ်းတွင် အောင်ဆန်းဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၅၄၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

 

 

အလားတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ် အမှတ် (၄)ရပ်ကွက်၊ ရန်ကုန်-မန္တလေးသွား ကားလမ်းတွင် အေးကို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၈၀ ကိုလည်းကောင်း။

 

 

 

ထိုနေ့ မွန်းလွဲ ၃ နာရီတွင် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ သရေခေတ္တရာလမ်း၊ အိမ်အမှတ်(ည/၈၄)နေ ဒေါ်ညွန့်တင်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းနေအိမ်အတွင်းသို့ ဝင်ရောက်လာသူ  စိုင်းကျော်မျိုးသန့် အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

 

 

MDN

ဓာတ်ပုံ- ရဲပြန်ကြား