ကော့မှူး  ၂  ဧပြီ  


ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဧပြီ ၂ ရက်နေ့လည် ၁၂ နာရီက မြို့နယ်အားကစားခန်းမ၌ ဖြေဆိုနေကြောင်း သိရသည်။


အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းစာရင်းရှိ သံဃာ ၃၃ ပါး၊သီလရှင် ၂ ပါး၊ ဖြေဆိုသံဃာ ၂၉ ဦး၊ သီလရှင် ၁ ပါး၊ ပျက်ကွက်သံဃာ ၄ ပါး၊ သီလရှင် ၁ ပါးဖြစ်ပြီး ပထမလတ်တန်းတွင် စာရင်းရှိ သံဃာ ၈ ပါး၊ ဖြေဆိုသံဃာ ၈ ပါး၊ ပထမငယ်တန်းတွင် စာရင်းရှိ  သံဃာ ၃၅ ပါး၊ သီလရှင် ၄ ပါး၊ ဖြေဆိုသံဃာ ၃၀ ပါး၊ သီလရှင် ၄ ပါးဖြစ်ပြီး ပျက်ကွက်သံဃာ ၅ ပါး၊ အခြေပြုမှုလတန်းတွင်စာရင်းရှိ သံဃာ ၁၅ ပါး၊ သီလရှင် ၁ ပါးဖြစ်ပြီး ဖြေဆိုသံဃာ ၁၃ ပါး၊ သီလရှင် ၁ ပါး၊ ပျက်ကွက်သံဃာ ၂ ပါးတို့ဖြစ်ကြောင်း သိရသည်။


ကျော်သူရ(ကော့မှူး)