ကျောင်းကုန်း စက်တင်ဘာ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ဆုရရှိခဲ့သော ကျောင်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ ဆရာမများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို အထက(၁) ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက လေးဘာသာဂုဏ်ထူးရှင်နှင့် အောင်ချက် အကောင်းဆုံး ကျောင်းများအား ဆုချီးမြှင့်ပြီး သုံးဘာသာ၊ နှစ်ဘာသာနှင့် တစ်ဘာသာ ရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)