၂၇ နိုဝင်ဘာ
၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့တော် သံတမန်နယ်မြေ ဂူရှန် ရှိ Holey Artisan Bakery ကော်ဖီဆိုင် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်သွေးကြွ ခုနစ်ဦးအား ဘင်္ဂလားဒေ့ရှ်တရားရုံးက စစ်သွေးကြွ ခုနစ်ဦးအား ယနေ့ သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။
၂၀၁၆ ခုနှစ် ဇူလိုင် ၁ ရက်နေ့က ဒါကာမြို့တော် သံတမန်နယ်မြေ ဂူရှန် ရှိ Holey Artisan Bakery ကော်ဖီဆိုင်ကို သေနတ်သမား ငါးဦး ဝင်ရောက်စီးနင်းခဲ့ပြီး ဒါဇင်နှင့်ချီသော ဓားစာခံများစွာကို ခေါ်ဆောင်သွားခဲ့သည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုတွင် အီတလီနိုင်ငံသား ကိုးဦး၊ ဂျပန် ခုနစ်ဦး၊ ဘင်္ဂလားဒေ့ရှ် နှစ်ဦး၊ အိန္ဒိယတစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်ဖွားအမေရိကန်နိုင်ငံသား တစ်ဦးတို့အပါအဝင် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသေနတ်သမားများက ဘင်္ဂလားဒေ့ရှ်ရဲဝန်ထမ်း နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြသည်။
ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီး ၁၂နာရီခန့်အကြာတွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် ထိုဆိုင်ကို ဝင်ရောက်စီးနင်းကာ ၎င်းသေနတ်သမား ငါးဦးကို သတ်ဖြတ်ခဲ့သည် ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


