ကော့သောင်း စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ (၃)မိုင် ပြည်သူ့ရင်ပြင်ရှိ ပေ(၈၀ x ၃၀) တိုင်းရင်းသားရိုးရာ ပြခန်းအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ ပိတောက်ရွှေဝါ ရပ်ကွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ပြုလုပ်သည်။

လွှဲပြောင်းပေးအပ်

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က တိုင်းရင်းသားရိုးရာပြခန်းနှင့် ပတ်သက်၍ မြေနေရာနှင့် အဆောက်အအုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းရင်းသား ရိုးရာပြခန်း အဆောက်အအုံအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူထံသို့  လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)