ကော့သောင်း ၆ ဧပြီ
မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် မြန်မာ့နှစ်ကူး အလုပ်ပိတ်ရက်ရှည် သင်္ကြန်ကာလအတွင်း မိမိနိုင်ငံရှိနေရပ်အသီးသီးသို့ပြန်ကြမည့် ထိုင်းနိုင်ငံတစ်ဝန်းသွားရောက်အလုပ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား မိသားသားစုများ ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ယခုရက်ပိုင်းအတွင်း နေ့စဉ်ပြန်လည်ဝင်ရောက်လာနေသည်ကို မြို့မဆိပ်ကမ်းတံတားနှင့် ကော့သောင်း-ရနောင်းကူး ကူးတို့လှေဆိပ်တွင် ဧပြီလ ၆ ရက်နေ့နံနက်ပိုင်းက အများအပြားတွေ့မြင်ရသည်။
အဆိုပါအလုပ်သမားမိသားစုများသည် ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် သွားရောက်အလုပ် လုပ်ကိုင်နေသူများ ၊ CI စာအုပ်ကိုင်ဆောင်အလုပ် လုပ်ကိုင်နေသူများ ၊ နိုင်ငံသားစိစစ်ပြီး၍ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ ဖြစ်ကြပြီး သင်္ကနြ် အလုပ်ပိတ်ရက်ရှည်ကာလအတွင်း မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တစ်ဆင့် မိမိတို့၏ နေရပ်ဒေသအသီးသီးသို့ အများစုမှာအဝေးပြေးမော်တော်ယာဉ်လိုင်းများဖြင့် ပြန်ကြမည်ဖြစ်ရာ ကော့သောင်းမြို့မှ မြိတ်၊ထားဝယ်၊ မော်လမြိုင် ၊ ရန်ကုန်ပြေးဆွဲပေးလျှက်ရှိသည့် အဝေးပြေးမော်တော်ယာဉ်လိုင်းများ၊ ခရီးသွား မိသားစုများ ဘေးအန္တရာယ်ကင်းရှင်း လွယ်ကူ အဆင်ပြေစွာ နေရပ်ပြန်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများမှ ကြီးကြပ်ဆောင်ရွက်ပေးလျှက်ရှိပြီး လေယာဉ်ခရီးစဉ်ဖြင့် နေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာကြ မည့် မိသားစုများနှင့် သင်္ကနြ်ကာလ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များအဆင်ပြေ လွယ်ကူ စေရေး မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ သင်္ကနြ်ပိတ်ရက်ကာလများတွင် ခရီးစဉ်များ ပြေးဆွဲပေးလျှက်ရှိ ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


