၉ ဩဂုတ်
ဂွေးကုန်း-ဝက်ချုပ်-နတ်မောက် ကတ္တရာ လမ်းပေါ်တွင် စက်ဘီး၊ ဆိုင်ကယ်၊ ကား စသည် တို့ဖြင့် သွားလာသူများ စည်ကားနေ သည်။ ဂွေးကုန်းရွာသည် နတ်မောက်မြို့၊ ရေနံချောင်းမြို့တို့နှင့် မဝေးသော်လည်း ယခင်က မြေသားလမ်းဖြစ်သည့်အတွက် ခရီးမတွင်ပေ။
မြေသားလမ်းသာ ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဂွေးကုန်းကျေးရွာနှင့် ဝက်ချုပ်ကျေးရွာ အနီးနားတစ်ဝိုက်ရှိ ကျေးလက်နေပြည်သူ များသည် ဒေသ၊ လူမှုစီးပွားအတွက် အခက် အခဲများ ရှိခဲ့ကြသည်။ ဒေသထွက်ကုန်များကို အဆင့်ဆင့်သယ်ပို့ ရောင်းဝယ်ကြ ရသည်။ ကျန်းမာရေးဝန်ဆောင်မှုကိုလည်း အချိန်နှင့်အမျှ မရရှိကြရပေ။ ထို့အတူ ဒေသခံ ကျောင်းသား ကျောင်းသူများသည် စာသင်ချိန်မီရန်အတွက် နံနက်ဝေလီ ဝေလင်းကတည်းကပင် ကျောင်းသွားကြ ရသည်။ ယခုအခါ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်သည့်အတွက် ထိုအခက်အခဲများကို ကျော်လွန်ကာ အလွယ်တကူသွားလာနိုင်ပြီဖြစ်သည်။
“ကျောင်းသားတွေ အတွက်လည်း မိုးမလင်းခင်ကတည်းကထပြီး ကျောင်းချိန် အမီ သွားစရာမလိုတော့ဘူး။ လမ်းကောင်း တော့ ခဏနဲ့သွားနိုင်ပါပြီ။ အရင်ကဆို မွေးလူနာ၊ ပိုးထိလူနာ၊ အရေးပေါ်လူနာတွေဟာ ရေနံချောင်း၊ နတ်မောက်စတဲ့ ဆေးရုံ တွေကို ဆေးကုသဖို့ နွားလှည်းနဲ့ပဲ သွားနိုင် တော့ အချိန်မီမရောက်လို့ အသက်ဆုံးရှုံးတာ ရှိတယ်။ အခုတော့ ကတ္တရာလမ်း ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒေသအတွက် ပညာရေး၊ ကျန်းမာရေးအပါအဝင်ကျွန်တော် တို့ စိုက်ပျိုးထားတဲ့ သီးနှံရောင်းဖို့ကအစ အားလုံးအဆင်ပြေသွားပြီ” ဟု ဂွေးကုန်း ကျေးရွာမှ ဦးဇော်လေးက ပြောသည်။
အရေးပါသောလမ်းမကြီးတစ်ခုဖြစ်
ဂွေးကုန်း - ဝက်ချုပ် - နတ်မောက် လမ်းသည် နတ်မောက်မြို့နယ်နှင့် ရေနံ ချောင်းမြို့နယ်တို့ကို ဆက်သွယ်ပေးထား သော လမ်းမကြီးဖြစ်ပြီး စုစုပေါင်း ၂၉ မိုင် ၇ ဖာလုံရှည်လျားကာ ကျေးရွာပေါင်း ၅၉ ရွာရှိ လူဦးရေပေါင်း ၄၉၅၂၇ ဦးတို့ ဆက်သွယ် သွားလာ အသုံးပြုသည့် အရေးပါသော လမ်းမကြီးတစ်ခု ဖြစ်သည်။
ယခင်က မြို့နှင့် ၁၀ မိုင်နီးပါးသာ ဝေးသည့် ရွာများပင် မြို့ပေါ်ရောက်ရန် ရွှံ့ထဲ၊ ဗွက်ထဲတွင် ညအိပ်ကာ သွားကြ ရသည်။ မိုးတွင်းကာလ၌ ဒေသထွက်ကုန် များနှင့်ကုန်စည်များ ရောင်းဝယ်ဖောက်ကား ကြရာတွင်လည်း ဗွက်နစ်နေသော ကုန်ကား များအား ကျေးရွာလူအားဖြင့် ရုန်းခဲ့ဆွဲခဲ့ကြ ရသော အခြေအနေတည်ရှိခဲ့သည့် ကျေးရွာ များ ဖြစ်သည်။
တိုးတက်ပြောင်းလဲလာ
မြေသားလမ်းမှတစ်ဆင့် ကျောက်ခင်း လမ်း၊ ကျောက်ခင်းလမ်းမှတစ်ဆင့် ကတ္တရာ လမ်းအထိ အဆင့်ဆင့်တိုးတက် ပြောင်းလဲလာပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန် လာသည့်အတွက် မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးအပါအဝင် ဒေသခံကျေးလက် ပြည်သူများ၏ လူမှုစီးပွားဘဝများသည် တိုးတက်လာခဲ့သည်။
နိုင်ငံအတွင်းရှိ ကျေးရွာများ အလျင် အမြန် ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံလိုအပ် ချက်တစ်ခုဖြစ်သည့် ကျေးလက်လမ်း၊ တံတားများ ကောင်းမွန်ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
နှစ်စဉ်အဆင့်မြှင့်တင်
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်က ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၁၇)တွင် အသစ်တိုးချဲ့ ဖွဲ့စည်းရန် သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အရာထမ်း ၃၉၈ ဦး၊ အမှုထမ်း ၁၀၂၃ ဦးဖြင့် ကျေးလက်လမ်း၊ တံတား ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသား အဆင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးမဟာ ဗျူဟာကို ရေးဆွဲထားရှိပြီး ၂၀၃၀ ပြည့်နှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင် နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ရာသီမရွေးသွားလာနိုင် သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရန် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရည်မှန်းချက်ထားရှိသည်။
ကျေးလက် လမ်း၊ တံတားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေပြည်သူ များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ် များအတွက် ကျေးလက်လမ်းကွန်ရက်များ အသုံးပြု၍ အမြန်ဆုံး ဆက်သွယ်သွားလာနိုင်ရေး၊ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းကို အထောက်အကူဖြစ်စေရေးနှင့် ၂၀၃၀ ပြည့်နှစ် ၌ မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ ၏ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီမရွေးသွားလာ နိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြု နိုင်ရန် နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်ရေးတို့သည်လည်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ရည်မှန်းချက်များဖြစ်သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ပြည့်နှစ်အထိ ကွန်ကရစ်လမ်း ၁၂၂၇ မိုင်၊ ကတ္တရာလမ်း ၁၀၃၈ မိုင်၊ ကျောက်ချောလမ်း ၁၆၀၈ မိုင်၊ ဂဝံလမ်း ၃၄၃၈ မိုင်၊ မြေသားလမ်း ၄၀၇၆ မိုင် စုစုပေါင်း ၁၁၃၈၇ မိုင် ဆောင်ရွက်ခဲ့သည်။
ကွန်ကရစ်/ကတ္တရာလမ်း ဆောင်ရွက် နိုင်မှု အချိုးအနေဖြင့် ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ဆောင်ရွက်နိုင်ခဲ့သည်။
“ကျေးလက်လမ်း၊ တံတားတွေ ဆောင်ရွက်တဲ့အခါ အခုအစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်တာတွေ ရှိပါတယ်။ အခုအစိုးရလက်ထက်မှာ ကျေးလက်ဒေသတွေ ဖွံ့ဖြိုးရေးကို ဦးစား ပေးတယ်။ ဒီအတွက်ရန်ပုံငွေလည်းတိုးတက် ရရှိခဲ့ပါတယ်။ ရန်ပုံငွေ တိုးတက်ရရှိခဲ့တဲ့ အတွက် ကျေးလက်လမ်းတံတားတွေကို ပိုမိုဆောင်ရွက်နိုင်ပါတယ်။ ထူးခြားချက်က လမ်းလွှာ ဒီဇိုင်းတွေကို အသေးစိတ်တိုင်းတာ ပုံထုတ်တာ၊ မြေခံနိုင်ဝန်အားစမ်းသပ်တဲ့ ကိရိယာတွေနဲ့ စမ်းသပ်ပြီး တံတားဒီဇိုင်း တွေ ပုံထုတ်တာ၊ အရည်အသွေးပိုကောင်းဖို့ Third Party QC အဖွဲ့တွေနဲ့ အရည်အသွေး စစ်တာတွေရှိလာတယ်။ ပြီးတော့ သတ်မှတ် စံချိန်စံညွှန်းနဲ့အညီ လုပ်ငန်းတွေ ပြီးစီးနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းစပ် ပြီး ထိန်းကျောင်းတည့်မတ် ဆောင်ရွက် ရပါတယ်”ဟု ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ပြောသည်။
ပူးပေါင်းဆောင်ရွက်
လမ်း၊ တံတား ဒီဇိုင်းများနှင့်ပတ်သက်၍ ဒေသနှင့် ကိုက်ညီသည့် ဒီဇိုင်း၊ အရည် အသွေးများ ခွဲခြားသတ်မှတ်ရေးဆွဲရေးနှင့် စပ်လျဉ်း၍ UK အထောက်အပံ့ဖြင့် Rese- arch For Community Access Partner- ship-ReCAP အဖွဲ့အစည်းနှင့် အာရှဒေသခံ လူထုအဖွဲ့အစည်းအခွင့်အလမ်း အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်းအဖြစ် Low Volume Rural Road Design Stan-dard and Specification ကို ရေးဆွဲခဲ့ပြီး ဖြစ်သည်။
“ကျေးလက်လမ်းတွေ အရည်အသွေး မြှင့်တင်နိုင်ဖို့အတွက် လမ်း၊ တံတား တည် ဆောက်ရေးအသုံးပြုပစ္စည်းတွေရဲ့ အရည် အသွေးပြည့်မီမှု ရှိ မရှိ စမ်းသပ်နိုင်ဖို့၊ ဓာတ်ခွဲ ခန်းတွေ ထူထောင်ပြီး ReCAP အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ CSIR (South Africa) ပညာရှင်တွေကနေ ဝန်ထမ်းတွေ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အဆင့်မြှင့်တင်ပေးဖို့အတွက် သင်တန်း ပေးခြင်း၊ လမ်းခံနိုင်ရည်အား စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းစဉ်တွေကို စာတွေ့၊ လက်တွေ့ သင်ကြားပေးပါတယ်။
“ဒီလို ReCAP က နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်းဟာ ကျေးလက်လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ လမ်းတည်ဆောက်ခြင်း လုပ်ငန်းဆိုင်ရာ အရည်အသွေးတွေကို ဌာန ဆိုင်ရာ ဝန်ထမ်းတွေနဲ့သာမက Third Party QC အဖွဲ့တွေနဲ့ ပူးပေါင်းထိန်းသိမ်းခြင်းအား ဖြင့်ပိုမိုကောင်းမွန်စေပါတယ်”ဟုကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးစိုးထွန်းနိုင်က ပြောသည်။
တိုးတက်ဆောင်ရွက်ပေးနိုင်ခဲ့
ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန သည် ADBနှင့် ဌာနမှ ပူးပေါင်းရေးဆွဲထား သော အမျိုးသားအဆင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးမဟာဗျူဟာအရလက်ရှိ ဆောင်ရွက်ပေးရမည့် စုစုပေါင်း ကျေးလက်လမ်း မိုင်ပေါင်း ၅၅၃၆၉ မိုင်ပေါ်တွင် ရာသီမရွေး သွားလာနိုင်သော လမ်း ၄ ဒသမ ၅ ရာခိုင် နှုန်း တိုးတက်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တံတားများအနေဖြင့် ကွန်ကရစ်တံတား ၁၈၅၆ စင်း၊ သစ်သားတံတား ၆၁ စင်း၊ ဘေလီ/ကြိုးတံတား ၁၈၃ စင်း၊ ရေကျော်/ရေပြွန် ၅၄၁၉ စင်း စုစုပေါင်း ၇၅၁၉ စင်း တိုးတက်ဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်သည်။
“ကျေးလက်လမ်း၊ တံတားဒီဇိုင်းတွေကို ဦးစီးဌာနက သတ်မှတ်ထားတဲ့ လမ်းအဆင့် အတန်း၊ လမ်းလွှာပုံစံ၊ တံတားအဆင့်အတန်း တံတားပုံစံတွေ၊ ဒေသန္တရနဲ့ ကိုက်ညီတဲ့ လမ်း၊ တံတားတွေရဲ့ ဒီဇိုင်းပုံစံတွေကို ထုတ်ပေးခြင်း အားဖြင့် ဦးစီးဌာနရဲ့ မူဝါဒ၊ ရည်မှန်းချက်တွေကို အထောက်အပံ့ ပေးလျက်ရှိပါတယ် ” ဟု ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါက်တာ ထွန်းမြင့်အောင်က ပြောသည်။
တိုင်းဒေသကြီး၊ ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးများသည် ရေးဆွဲထားသော မဟာဗျူဟာ၊ သတ်မှတ်ထား သော နည်းပညာပိုင်းဆိုင်ရာ အမိန့်ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများသည် ဦးစီးဌာနစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ် တာကာလအတွင်း ကွန်ကရစ်/ ကတ္တရာလမ်း၂၂၆၅ မိုင်၊ ရာသီ မရွေးသွားလာနိုင်သော လမ်း ၃၈၇၃ မိုင်တို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
“အခုအစိုးရလက်ထက် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ရန်ပုံငွေကျပ် ၁၈၁၆ ဒသမ ၂၃၈ ဘီလီယံနဲ့ ကျေးလက်လမ်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ကွန်ကရစ်/ကတ္တရာ လမ်း ၃၄၅၈ မိုင်၊ ကျောက်လမ်း ၂၈၅၂ မိုင်၊ ဂျင်း/ဂဝံလမ်း ၅၁၉၅ မိုင်၊ မြေသားလမ်း ၅၉၉၃ မိုင် စုစုပေါင်း ၁၇၄၉၈ မိုင်ကို ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ဒီလမ်းတွေပေါ်က တံတား/ရေကျော်/Culvert ၃၆၆၉၀၃ ပေကို ဆောင်ရွက် နိုင်ခဲ့ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ပြောကြားသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက် ရေးအတွက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြစ်သည့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရန်ပုံငွေများအပြင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့ အစည်းများ၊ အထောက်အပံ့များနှင့် ပြည်သူ လူထုပူးပေါင်းပါဝင်သော မျှဝေခြင်းအစီအစဉ် များဖြင့်လည်း ဆောင်ရွက်လျက်ရှိသည်။
စီမံကိန်းသုံးခု ဆောင်ရွက်လျက်ရှိ
နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် World Bank နှင့် JICA ချေးငွေဖြင့် လုပ်ငန်းစီမံကိန်းနှစ်ခု၊ KfW ထောက်ပံ့ငွေဖြင့် လုပ်ငန်းစီမံကိန်းသုံးခု ဆောင်ရွက်လျက်ရှိသည်။
“World Bankနဲ့JICAချေးငွေနဲ့ လုပ်ငန်း စီမံကိန်း နှစ်ခု၊ KfW ထောက်ပံ့ငွေနဲ့ လုပ်ငန်း စီမံကိန်းသုံးခု ဆောင်ရွက်နေတာရှိပြီးတော့ ဒီလုပ်ငန်းစီမံကိန်းတွေကနေ ကတ္တရာလမ်း ၉၄ မိုင်နဲ့ တံတား/ ရေကျော်လေးစင်းကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြီးတော့ JICA ၊ China Aid ၊ ADB ၊ KfW ၊ World Bank တို့နဲ့ ပူးပေါင်းပြီး ကတ္တရာလမ်း စုစုပေါင်း ၆၅ မိုင်၊ တံတားသုံးစင်းကို ဆောင်ရွက်ဖို့လည်း ရှိပါ တယ်”ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့နှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့က စက်၊ ယာဉ်ယန္တရားနှင့် နည်းပညာပံ့ပိုး၍ ပြည်သူမှ စက်သုံးဆီ/ အထောက်အကူပြု လုပ်ငန်းများကျခံပြီး ပြည်သူလူထုပူးပေါင်း ပါဝင်သော မျှဝေခြင်း အစီအစဉ်ဖြင့် ကျေးလက် လမ်းသစ်များ ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီး စသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ ကတ္တရာလမ်း ၁၂ မိုင်၊ ဂျင်းလမ်းမိုင် ၉၀၊ မြေသားလမ်း ၁၆၃ မိုင် စုစုပေါင်း ၂၆၅ မိုင်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်၌ကတ္တရာလမ်း ငါးမိုင်၊ ဂျင်းလမ်း ၁၀၄ မိုင်၊ မြေသားလမ်း ၂၁၅ မိုင် စုစုပေါင်း ၃၂၄ မိုင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ဒေသလူမှုစီးပွားများ တိုးတက်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ကျေးလက်လမ်းများ ဆောင်ရွက်ရာတွင် လမ်းဦးစီးဌာနလမ်းများနှင့် ချိတ်ဆက်သည့် ကျေးလက်လမ်းများ၊ မြို့နှင့် ကျေးရွာ ဆက်သွယ်သည့် ကျေးလက်လမ်းများ၊ တိုင်း ဒေသကြီး၊ ပြည်နယ်အတွင်း ဗျူဟာမြောက် အရေးပါသည့် ပြည်သူလူထု အသုံးပြုများသည့် လမ်းများကို ရှေ့ပြေးစီမံကိန်း Pilot Project ရွေးချယ်ဆောင်ရွက်ခဲ့ကာ ဒေသလူမှုစီးပွားများ တိုးတက်အောင် အထောက်အကူပြုနိုင်ခဲ့ သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင် နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ရာသီမရွေးသွားလာနိုင် သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရန် ၂၀၂၁ -၂၀၂၂ မှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း လမ်းအရှည် ၁၈၄၁၅ မိုင်၊ ၂၀၂၆ -၂၀၂၇ မှ ၂၀၃၀ - ၂၀၃၁ ဘဏ္ဍာရေးနှစ် အတွင်းလမ်းအရှည် ၁၇၀၃၄ မိုင် ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်
ကျေးလက်ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွား တိုးတက်ရေးတို့အတွက် အခြေခံကျသော ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန် ရာသီမရွေးသွားလာ နိုင်မည့် ကျေးလက်လမ်းကွန်ရက် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဖော်ဆောင်သွား မည်ဖြစ်သည့်အပြင် ပြည်သူလူထုပူးပေါင်း ပါဝင်မှု အစီအစဉ်များကိုလည်း တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ကျေးလက်ပြည်သူ ရိုင်းပင်းကူ
လက်တွဲငြိမ်းချမ်း ဒို့ကြိုးပမ်း
လမ်းများဖောက်လုပ် ဒို့အလုပ်
ဖွံ့ဖြိုးရေးဆောင်ရွက်
ပြည်သူ့အတွက် ဆိုသည့် ဦးစီးဌာန၏ ရည်မှန်းချက်ဆောင်ပုဒ်နှင့်အညီ ကျေးလက် ပြည်သူများ၏ လူမှုစီးပွားတိုးတက်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ရှင်မင်း၊ ဓာတ်ပုံ- မောင်ဖိုးဇော်(ကလေး)


