ပြည် ၂၆  မတ် 


စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများအတွက် မီးလင်းရေး၊ ရေရရှိရေး၊ သက်မွေးပညာ တတ်မြောက်ရေး စသည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ကျေးလက်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦး (ဒုတိယ ညွှန်ကြားရေးမှူး)မှ မြို့နယ်တာဝန်ခံများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ပုလှ ကျေးရွာတွင် ဌာနခွင့်ပြုရန်ပုံငွေကျပ် (၉.ဝဝ)သန်းဖြင့်  ဆောင်ရွက်လျက်ရှိသော (၁ဝဝ' x၁၀ဝ'x ၆') ရှိ
မြေသားရေလှောင်ကန်တူးဖော်ခြင်းလုပ်ငန်း၊ ဒိုးနွယ်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၂၀.ဝဝ)သန်းဖြင့် June Four ကုမ္ပဏီ မှ ဆောင်ရွက်လျက်ရှိသော စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အောင်ချမ်းသာ (ရွာသစ်)ကျေးရွာတွင် (၂၄၀ဝ'x၁၀'x၉'')ရှိ ကျေးရွာတွင်းလမ်းမြေနီခင်းခြင်းလုပ်ငန်းနှင့် VDP စီမံကိန်း ရန်ပုံငွေဖြင့်ဆောင်ရွက်သော ထောင်ရကျေးရွာရှိ (၂၇၀ဝ'x၁၀'x၉'')ရှိသော ကျေးရွာလမ်းမြေနီ ခင်းခြင်းလုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှုခဲ့သည်။


ထို့နောက် ခရိုင်ဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေးအတွက် မိမိတို့ ဌာနနှင့် ကျေးလက်နေပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 


ပေါက်ပေါက်

 

1