မြင်းခြံ ၂၉ မတ်
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်များကို မတ် ၂၈ မွန်းလွဲ ၁ နာရီက ကျေးရွာများအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းများကို အသက် ၈၅ နှစ်အထက် အဘိုးအဘွားများအား တစ်လလျှင် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထုတ်ပေးလျက်ရှိရာ သာပေါင်းအုပ်စု တောင်ကျွန်းကျေးရွာသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမောက်ဆိုင်၊ မြို့နယ်အမျိုးသမီးကော်မတီဝင်များက ကိုယ်တိုင်ကိုယ်ကျ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ သာပေါင်းအုပ်စုရှိ အသက် ၈၅ နှစ်အထက် အဘိုးအဘွား ၃၀ ဦးအား စုစုပေါင်း ငွေကျပ် ၉ သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ်တွင် အသက် ၈၅ နှစ်အထက် အဘိုးအဘွား ၁၄၆၄ ဦးရှိပြီး ငွေကျပ် ၄၃၉၂၀ဝ၀ဝ ကို ထောက်ပံ့ပေးအပ်ခဲ့ကာ မြင်းခြံတစ်ခရိုင်လုံးတွင် အသက် ၈၅ နှစ်အထက် အဘိုးအဘွား ၄၃၆၉ ဦးအတွက် ငွေကျပ် ၁၃၀၉၇၀ဝ၀ဝ ကို ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမောက်ဆိုင်ထံမှ သိရှိရသည်။
ဇော်မင်းနိုင် (မြင်းခြံ)


