ဆော ၁၉ မတ်
ဂန့်ဂေါခရိုင် ဆောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် မတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် လှော်ကားကျေးရွာသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဖြင့် ကျေးရွာနေ ပြည်သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
“ကျေးရွာနေပြည်သူတွေ ဗဟုသုတအတွက် စာအုပ်စာပေကို လွယ်ကူစွာလေ့လာ ဖတ်ရှုနိုင်ရန်အတွက် နယ်လှည့်ကွင်းဆင်းပြီး စာအုပ်စာစောင်များ ငှားရမ်းပေးတာပါ။ စာအုပ်မျိုးစုံ ၁၅၀ ကျော် ပါရှိပါတယ်။ စာအုပ် ၉၀ ကျော်ကို တစ်ပတ်ကြာ အခမဲ့ ငှားရမ်းခဲ့ပါတယ်” ဟု မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခိုင်ဇာဝင်းက ပြောသည်။
အလားတူ ကျေးရွာများအရောက် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းကဲကျေးရွာသို့ သွားရောက်ကြမည်ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလက မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများ နေရာ ၁၈ နေရာသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရသည်။
MDN


