ဖားကန့် ဩဂုတ် ၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာဘေးရှိ ရေကန်အစပ်တွင် ဩဂုတ် ၅ ရက် နံနက် ၁၁ နာရီက ကမ်းပါးယံ မြေစာပြိုကျမှုကြောင့် အမျိုးသမီး (၂)ဦးနှင့် ကလေးငယ် (၂)ဦး မျောပါသွားခဲ့ပြီး အမျိုးသမီး (၁)ဦး သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ မှော်စီစာကျေးရွာဘေးရှိ ရေကန်အစပ်၌ မှော်စီစာကျေးရွာတွင် နေထိုင်သော ဒေါ်မိုးကြည် အသက် (၄၈)နှစ်၊ မောင်အောင်ကြယ်ဇင်လင်း (၁၀)နှစ်၊ မောင်ဖြိုးခန့်အောင် (၂)နှစ်နှင့် ဒေါ်ခင်ဆွေမာ အသက် (၃၇)တို့ ရေဆင်းချိုးနေကြစဉ် ကမ်းပါးပြိုကျမှုကြောင့် ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း၊ အမျိုးသမီး (၁)ဦးနှင့် ကလေးငယ် (၂)ဦးတို့ကို ကျေးရွာဒေသခံများမှ ပြန်လည်ဆယ်ယူ ကယ်တင်နိုင်ခဲ့သော်လည်း ပျောက်ဆုံးနေသူ ဒေါ်ခင်ဆွေမာ၏ ရုပ်အလောင်းအား မွန်းလွဲ ၂ နာရီတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


