KFC က Menu အသစ်ဖြစ်တဲ့ K Pop Fried Chicken နဲ့ Coke Freeze

မနေ့က KFC မှာ menu အသစ်တစ်ခု ထွက်တယ်ဆိုတဲ့ သတင်းရထားလို့ ဗိုလ်ချုပ်လမ်းမပေါ်က KFC ကို MyLann သွားစားဖြစ်ခဲ့တယ်။ ဆိုင်ထဲရောက်တော့ အော်ဒါကောင်တာမှာ အစ်မ menu အသစ်ထွက်ထားတာက ဘာလဲလို့မေးတော့ အဲဒီ့က အမက K Pop Fried Chicken နဲ့ Coke Freeze ဆိုတဲ့ နှစ်မျိုး အသစ်ထွက်ထားတယ်လို့ ပြောတယ်။ ဘာတဲ့ K Pop Fried Chicken ဆိုတော့ နာမည်လေးက ဆန်းနေတာနဲ့ စိတ်ဝင်စားပြီး K Pop Fried Chicken နှစ်တုံးရယ် Coke Freeze ရယ် အားလူးကြော်ရယ် မှာလိုက်တယ်။

 

 

 

နောက်ဆုံးတော့ စားမယ့်အချိန်ရောက်ပါပြီ… ကြက်ကြော်လေးကို အရင် အကဲခတ်ကြည့်တယ်။ ကြက်ကြော်လေးက ရဲရဲလေးနဲ့ ကြွပ်ရွမယ့်ပုံလေး.. Coke Freeze ကို ကြည့်လိုက်တော့ wow ပေါ့ ရေခဲလုံးဝမပါဘူး ရေခဲမှုန်လေးတွေနဲ့ လုပ်ထားတယ်။ K Pop Fried Chicken လေးကို အရင်ဆုံးစမြည်းကြည့်တယ်။ အပေါ်က အရေခွံကြွပ်ကြွပ်လေးကို အရင်ဖဲ့ပြီး စားကြည့်တယ်။ ကြက်အရေခွံလေးက ကြွပ်ရွနေတာပဲ ဝါးရင်းဝါးရင်းနဲ့ တဖြည်းဖြည်း ချဉ်လာစပ်လာတာဆိုတာ စားပြီးသွားတော့ လျှာပေါ်မှာ ချဉ်စပ်အရသာလေး ကျန်ခဲ့တယ်။ စပ်သွားလို့ ချက်ချင်း Coke Freeze လေး သောက်လိုက်တာ ရင်ထဲကို အေးစင်းသွားတာပဲ။ ရေခဲခြစ်ကလေး သောက်ရသလိုပဲ အရင်တုန်းက Coke ကို ရိုးရိုးရေခဲနဲ့ သောက်ရတဲ့ အရသာနဲ့ လုံးဝမတူဘူး။ နောက်တော့ အထဲက ကြက်သားကိုပဲ စားကြည့်တယ်။ ကြက်သားကတော့ အရင်ကထွက်ထားတဲ့ ကြက်ကြော်အရသာပဲ ထူးခြားမှုမရှိဘူး။ အပေါ်က ကြက်အရေခွံနဲ့ အထဲကကြက်သားနဲ့ တွဲစားတော့မှ အရသာက ကြွပ်ရွနေပြီးတော့ လျှာပေါ်မှာ ချဉ်စပ်အရသာလေး စွဲကျန်ခဲ့တယ်။ သူတို့ဆီမှာပေးထားတဲ့ ဆော့စ်နှစ်မျိုးစလုံးနဲ့လည်း တွဲစားကြည့်တယ်။ အရသာက တစ်မျိုးတစ်မျိုးစီ ထွက်ပြီးစားကောင်းတယ်။

 


 

 

စားလည်းပြီး သောက်လည်းပြီး ဗိုက်လည်းတင်းတော့ ဒီကစပ်စုစိန်မက K Pop Fried Chicken နဲ့ Coke Freeze လေးအကြောင်း မေးကြည့်တယ်။ K pop Fried Chicken ကို ဆန်လှော်မှုန့် ကြက်သွန်နီ Capsium ငရုပ် နံနံပင်နဲ့ ငရုပ်ဖတ်လေးတွေကို ရောပြီး ချဉ်ငံစပ်အရသာနဲ့ ကြွပ်ကြွပ်ရွရွလေး ဖြစ်နေအောင် ကြော်ထားတာတဲ့။ ကိုရီးယားပုံစံ ကြက်ကြော်တဲ့။ နံနံပင်ပါတယ်၊ ဆိုပ ေမယ့် နံနံပင်အရသာကို အရမ်းကြီး မရခဲ့ဘူး။ ဒါကြောင့် နံနံပင် မကြိုက်တဲ့ သူတွေလည်း စားလို့ အဆင်ပြေတာပေါ့နော်။ Coke Freeze ကတော့ ရေခဲအစားထိုး ရေခဲမှုန့်လေးတွေနဲ့ ရေခဲခြစ်ပုံစံမျိုးလေး လုပ်ထားတာတဲ့။ Cola နဲ့ Orange အရသာနှစ်မျိုး ထွက်ရှိနေပါပြီတဲ့။ မက်မွန်သီးနဲ့ ပြုလုပ်မယ့် အချိုပွဲအသစ်တစ်ခုလည်း မကြာခင်မှာ ထွက်ဖို့ ရှိတယ်တဲ့။ ရန်ကုန်မြို့က KFC ဆိုင်ခွဲတိုင်းမှာ K Pop Fried Chicken & Coke Freeze တွေ ရရှိနေပြီတဲ့နော်။ ပဲခူးတိုင်းက KFC ချစ်သူတွေလည်း ပဲခူးမြို့နယ်က KFC ကြက်ကြော်ဆိုင်တွေမှာ သွားရောက်အားပေးလို့ ရနေပါပြီတဲ့။ မန္တလေးတိုင်းနဲ့ တောင်ကြီးမြို့က KFC ချစ်သူလေးတွေကတော့ ခဏလေးစောင့်ပါဦး။ မကြာမီ ဝယ်ယူအားပေးလို့ရအောင် KFC က အမြန်ဆုံး စီစဉ်ပေးပါမယ်တဲ့။

 

 

 

 

 

အော်ဒါနဲ့ နောက်ထပ် သိခဲ့ရတဲ့ အရေးကြီးတာတစ်ခု ရှိသေးတယ်။ KFC မှာ အကပြိုင်ပွဲလေးတစ်ခု ကျင်းပထားတယ်တဲ့။ ပြိုင်ပွဲလေးရဲ့ နာမည်က 'KFC KPOP Online Dance Challenge' တဲ့။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဒီပြိုင်ပွဲလေးမှာ ဝင်ပြိုင်လို့ရပြီး နှစ်ယောက်တွဲ ပါဝင်ယှဉ်ပြိုင်ရမှာတဲ့နော်။ လုပ်ရမှာကတော့ one minute KFC K POP routine ကို KFC K POP dancer နှစ်ဦးလိုမျိုး အနီးစပ်ဆုံးတူအောင် အကောင်းဆုံး ကပြတင်ဆက်ရမယ်။ နောက်တစ်ခု အရေးကြီးတာက အကဗီဒီယိုလေးကို တစ်မိနစ်စာပဲ mobile phone နဲ့ ရိုက်ကူးရပါမယ်တဲ့။ ဗီဒီယိုကင်မရာတို့ ကင်မရာတို့နဲ့ ရိုက်ကူးခွင့် မပြုပါဘူးတဲ့နော် အဲဒါလေး သတိထားနော်။ ပြီးရင် Facebook ပေါ်က ကိုယ့် wall ပေါ်မှာပဲ တစ်မိနစ်စာ နှစ်ယောက်တွဲကထားတဲ့ အကဗီဒီယိုလေးကိုတင်ပြီး #kfckpopdance လို့ရေးပေးရပါမယ်တဲ့။ အဲဒီ့ step လေးတွေ ပြီးသွားရင်တော့ အကပြိုင်ပွဲလေးထဲကို ပါဝင်သွားပြီပေါ့။

 

 

 

 

ပထမဆုရတဲ့ စုံတွဲနှစ်တွဲကို ဘန်ကောက်မြို့ရှိ K POP Theme Mall, Show DC ကို အသွားအပြန် စားရိပ်ငြိမ်း ဒုတိယရတဲ့ စုံတွဲတစ်တွဲကို Fujifilm ကင်မရာ တတိယရတဲ့ စုံတွဲကို JBL Headphone ချီးမြှင့် သွားမယ်တဲ့နော်။ ပထမဆု ဒုတိယဆု တတိယဆု မရတဲ့သူတွေလည်း ဝမ်းမနည်းနဲ့နော် နှစ်သိမ့်ဆုအနေနဲ့ 3,000 ကျပ်တန် KFC cash voucher အစောင်ရေ ၃ဝ ကို ချီးမြှင့်ပေးသွားဦးမှာတဲ့။ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ယှဉ်ပြိုင်ရာမှာ ကပြရမယ့် ကကွက်တွေကို တင်ဆက်ထားမယ့် ဗီဒီယိုကို KFC Myanmar page မှာ တင်ထားပေးပါမယ်တဲ့။

 

 

 

 

WowW အရမ်းမိုက်လွန်းလို့ Mylann ကတော့ ကြိုက်သွားပြီ။ MyLann ရဲ့ မိတ်ဆွေရောင်းရင်းတွေလည်း KFC က new menu ဖြစ်တဲ့ ကိုရီးယားပုံစံကြက်ကြော် K Pop Fried Chicken လေးနဲ့ Coke Freeze လေးကို သွားမြည်းကြည့်ရင်း ဆုကြေးတွေ ရရှိဖို့ KFC K POP Online Dance Challenge လေးကို ဝင်ပြိုင်လို့ရအောင် MyLann က လက်တို့ပေးလိုက်ပြီနော်။

 

ပြိုင်ပွဲဝင်ပြိုင်မယ့် MyLann ရဲ့ ဘော်ဒါတွေအတွက် KFC K Pop dance tutorial လေးကိုလည်း အောက်မှာ တစ်ခါတည်း ဖော်ပြပေးလိုက်တယ်နော်…


https://www.facebook.com/KfcMyanmar/videos/1577923392277494/
MyLann
#MyLann #Online_Food_Guide
#Online_Restaurant_Directory#Food_Review_in_Yangon #Foodie_Myanmar
#Food_Lover #Food_Crazy#KFCMyanmar #Newmenu
#KFCKPOPOnlineDanceChallenge