ချာလီပုသ် တောင်ကိုရီးယားသို့ လာရောက်ဖျော်ဖြေမည်

၂၁  ဇွန်

 

နာမည်ကျော် အမေရိကန်တေးရေး၊ တေးဆိုတစ်ဦးဖြစ်သူ ချာလီပုသ်ဟာ တောင်ကိုရီးယားသို့ ဒုတိယအကြိမ်မြောက် လာရောက်ဖျော်ဖြေမှာ ဖြစ်ကြောင်း အမ်အက်စ်အန်ဒေါ့ကွန်းမှာ ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဖျော်ဖြေပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ဆိုးလ်တောင်ပိုင်းမှာရှိတဲ့ ဂျမ်ဆေးအရီနာမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ချာလီပုသ်ဟာ ယာဉ်တိုက်မှုတစ်ခုတွင် ကွယ်လွန်သွားခဲ့တဲ့ “The Fast and the Furious” မင်းသား ပေါလ်ဝေါ်ကာ အတွက် ရည်ရွယ်ရေးသားထားတဲ့ တေးသီချင်း “See You Again” နဲ့ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ၂၀၁၆ ခုနှစ်အတွင်း “We Don’t Talk Anymore” နဲ့ “Suffer” တေးသီချင်းတွေနဲ့ လည်းကောင်း၊ ၂၀၁၇ ခုနှစ်အတွင်း “Attention” တေးသီချင်းနဲ့ လည်းကောင်း အောင်မြင်မှုတွေ ထပ်မံရရှိခဲ့ပါတယ်။

 

အေးပြည့်