ချစ်သူအရီရန်းနားဂရန်းဒ်ရဲ့ အမှတ်အသား တက်တူးထိုးလိုက်တဲ့ ပီ့ထ်ဒေးဗစ်ဆန်

mdn

၃ ဇွန်

 

ပေါ့ခ်စတား အရီရန်းနားဂရန်းဒ်နဲ့ SNL စတား ပီ့ထ်ဒေးဗစ်ဆန်တို့ဟာ ချစ်သူတွေဖြစ်ကြောင်းကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ပီ့ထ်ရဲ့အင်စတာဂရမ် အကောင့်ကတစ်ဆင့် တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဒေးဗစ်ဆန်ဟာ သူ့ချစ်သူရဲ့သင်္ကေတ အမှတ်အသားနှစ်ခုကို တက်တူးထိုးကာ ချစ်သက်သေအဖြစ် ပြသလိုက်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

လွန်ခဲ့တဲ့စနေနေ့က လော့အိန်ဂျလစ်ရှိ တက်တူးပညာရှင် လန်ဒန်ရီးဆ်ဟာ သူ့ရဲ့အင်စတာဂရမ် အကောင့်ကတစ်ဆင့် ဒေးဗစ်ဆန်ရဲ့ တက်တူးနှစ်ခုကို ဖော်ပြခဲ့ပါတယ်။ ပထမတက်တူးကတော့ အရီရန်းနားဂရန်းဒ်ရဲ့ အစစာလုံးတွေဖြစ်တဲ့ AG ကို ညာဘက်လက်မမှာ ထိုးထားတာဖြစ်ပြီး ဒုတိယတစ်ခုကတော့ သူမရဲ့ ၂၀၁၆ ထွက် အယ်လ်ဘမ်ဖြစ်တဲ့ 'Dangerous Woman' က မျက်နှာဖုံးမှာပါတဲ့ အနက်ရောင်ယုန်မျက်နှာဖုံးပုံကို လည်ပင်းအထက်နားမှာ ထိုးထားတာဖြစ်ပါတယ်။

 

ဒေးဗစ်ဆန်နဲ့ ဂရန်းဒ်တို့ဟာ ၎င်းတို့ချစ်သူဖြစ်ကြောင်း တရားဝင်မကြေညာခင် ရက်သတ္တပတ်အ စောပိုင်းက လော့စ်အိန်ဂျလစ်မှာရှိတဲ့ ဒေးဗစ်ဆန်ဖျော်ဖြေခဲ့သော ကမ္ဘာကျော်ဟာသဇာတ်ရုံကို သူမကိုခေါ်သွားခဲ့ကြောင်း သိရှိရပါတယ်။ သူတို့တရားဝင်ချစ်သူတွေ ဖြစ်ကြောင်းကိုတော့ ဆေ့ဇ်ဒေးဗစ်နဲ့ ဒေးဗစ်ဆန်တို့ရဲ့ ၂ နှစ်ကြာ ရည်းစားသက်တမ်းပြတ်စဲပြီးမှသာ ကြေညာခဲ့တာဖြစ်ပါတယ်။

 

အေရီဇော်