ချောက် ၂၂ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ဧပြီ ၂၁ ရက်က အပူဒဏ်အန္တရယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ချောက်မြို့ပေါ်ရှိ လူစည်ကားရာ မြို့မဈေး၊ ကားဂိတ်တို့တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဧရာဝတီမြစ်ကမ်းနား အနီးရှိ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် အပူဒဏ် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ရေမချိုးရ သတိပေးဆိုင်းဘုတ် စိုက်ထူပေးခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့နောက် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မြို့နယ် ကျန်းမာရေး ဝန်ထမ်းများနှင့် ဒေသခံအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)


