ချောက်၂၂ မတ်

 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တောင်နောက် ကျေးရွာရှိ ကျေးရွာနေပြည်သူများ သောက်သုံးရေလုံလောက်စွာရရှိနိုင်ရေးအတွက် မတ်လ(၂၁)ရက်၊ နံနက်ပိုင်းက စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများကို အဆိုပါကျေးရွာတွင် စတင်တူးဖော်နေပြီဖြစ်ကြောင်း သိရသည်။   

 

တောင်နောက်ကျေးရွာ၌ အိမ်ခြေ ၂၉၀ တို့တွင် လူဦးရေ ၁၂၃၉ ဦးတို့ နေထိုင်လျက်ရှိကြရာ သောက်သုံးရေရရှိရေးအတွက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ ငွေကျပ်သိန်း ၃၂၃ ဖြင့် စက်ရေတွင်း အနက်ပေ ၉၀ဝ၊ အမြင့်ပေ ၂၀ ရှိ ဂါလန် ၂၄၀ဝ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ အလျား (၁၀)ပေ၊ အနံ(၈)ပေ၊ အမြင့် (၈)ပေရှိရေစက်ရုံတည်ဆောက်ခြင်းနှင့်ဒိုင်နမိုလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ရှိန်နှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းကူညီမှုဖြင့် စတင်တူးဖော်နေပြီဖြစ်ကြောင်း သိရသည်။ 

 

နိုင်လင်း(လှည်းကူး)

 

IMG_2019