ချောင်းဆုံ ၉ မတ်    


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လူထုအခြေပြုဗဟိုဌာနအဖြစ် ပုံဖော်ဆောင်ရွက်လျှက်ရှိရာ ပြည်သူများ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်နှင့် စာပေနှင့် ရင်းနှီးမှုရှိစေရန်အတွက် ချောင်းဆုံ(ပြန်/ဆက်)ရုံးစာကြည့်တိုက်ခန်းမ၌ မတ် ၉ ရက်နေ့ နံနက်(၁၀)နာရီက စာပေစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပသည်။


အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် (ပြန်/ဆက်)ဦးစီးမှူး ဒေါ်မိသူဇာက တက်ရောက် လာကြသူများအား စာပေဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ အသိပညာ ဗဟုသုတတိုးပွားလာစေရန် စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်ကြောင်းစသည့် အကြောင်းအရာများအား ပြောကြားပြီး ဆွေးနွေးပွဲသို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျေးလက်နေပြည်သူများ တက်ရောက်ကြကာ စာပေနှင့်ပတ်သက်သည့်အကြောင်းအရာများနှင့် လက်တွေ့ဘဝတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ရင်းရင်းနှီးနှီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN

 

201903