ချောင်းဦး   ၂၉  မတ်

 

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့ စည်ပင်သာယာဈေးတွင် သရုပ်ပြ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

 

ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ချောင်းဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှူး ဦးတင်အောင်မိုးက မီးသတ်ဆေးဘူး အသုံးပြုပုံကို ရှင်းလင်းပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းတစ်ဦးမှ  မီးသတ်ဆေးဘူးဖြင့် လက်တွေ့အသုံးပြု မီးငြှိမ်းသတ်ခြင်းတို့ကို သရုပ်ပြခဲ့ကြသည်။

 

ထို့နောက် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စည်ပင်သာယာဈေးအတွင်းရှိ မီတာများ တပ်ဆင်ထားမှုနှင့်  မီးချိတ်မီးကပ်ထားရှိမှု၊ သဲနှင့် ရေများ စုဆောင်းထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။  

 

အိအိအောင် (ပြန်/ဆက်)

 

2