ချောင်းဦး စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း လက်တွေ့သရုပ်ပြသပြီး စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအရာရှိ ဒေါ်ဆွေဆွေသန်းတို့က ရွေးကောက်ပွဲနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီး ဒေါ်ဆွေဆွေသန်းက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း လက်တွေ့သရုပ်ပြသကာ အစည်းအဝေး တက်ရောက်လာသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)


