ချောင်းဦး ၇ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ချောင်းဦးမြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန် စာမေးပွဲကို ဧပြီလ(၂)ရက်မှ (၈)ရက်ထိ မွန်းလွဲ(၁၂)နာရီ အချိန်မှ ညနေ(၃)နာရီထိ ချောင်းဦးမြို့ အ.ထ.က အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျင်းပလျက်ရှိရာ မြို့နယ်အတွင်းရှိ ကျောင်းတိုက်ကြီး များမှ သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်းစာရင်းရှိ(၈၄)ပါးနှင့် စာဖြေ သံဃာတော်(၇၅)ပါး ဝင်ရောက်ဖြေဆို ခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း (၁၃)ပါး၊ ပထမလတ်တန်း (၁၁)ပါး၊ ပထမ ငယ်တန်း (၃၀)ပါး၊ အခြေပြုမှုလတန်း(၂၁)ပါး၊ သံဃာတော်(၇၂)ပါးနှင့် သီလရှင်(၃)ပါး စုစုပေါင်း (၇၅)ပါး ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲကို မှန်ချိုတောင်ကျောင်းတိုက် ဆရာတော် ပါဠိပထမပြန်စာမေးပွဲဥက္ကဋ္ဌ ဦးရေဝတ နှင့် အကျိုးတော်ဆောင်ဆရာတော်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အငြိမ်းစားကျောင်း ဆရာကြီးများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများမှ လည်း အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)


