၂၉ ဇွန်

 

 

ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရမှုပေါင်း ၂၇၁၉၈၂ ရှိလာသည်ဟု ယမန်နေ့က ဖော်ပြထားသည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း သေဆုံးသူ ၁၆၂ ဦး ရှိပြီး သေဆုံးသူပေါင်း ၅၅၀၉ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

 

တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၄၂၁၆ ဦး ရှိပြီး ကူးစက်ခံရသူ အများစုဖြစ်သော ၃၃၉၆ ဦးတွင် ရောဂါလက္ခဏာပြသသော်လည်း၄၀၂ ဦးမှာ ရောဂါလက္ခဏာ ပြသခြင်းမရှိဟု ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။

 

 

ရောဂါကူးစက်ခံရသူ ၁၅၁ ဦး သည် အစိုးရက ဖွင့်လှစ်ထားသော အထူးသီးသန့် စင်တာများတွင် သီးခြားနေထိုင် (သို့မဟုတ်)ကုသမှုခံယူကြသည်။

 

 

ချီလီနိုင်ငံတွင် မတ်လနှောင်းပိုင်း မှစတင်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရမှု ပြင်းထန်လာသဖြင့် ညမထွက်ရအမိန့် အပါအဝင် အဝင်အထွက် ကန့်သတ်ပိတ်ဆို့ အမိန့်များနှင့် အခြားကန့်သတ်ချက်များ ပြဌာန်းရန် လမ်းမများပေါ်တွင် စစ်သားများနှင့် ရဲတပ်ဖွဲ့အရာရှိများ ဖြန့်ချထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို