ခိုင်ကမ်း ၂၁ မတ်

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ၊ ခိုင်ကမ်းမြို့ အမှတ် ( ၃ ) ရပ်ကွက်ရှိ SACC ( Social Actions for Communities Changes) ရုံးတွင် မတ်လမှစ၍  ကလေးသူငယ်အခွင့်အရေးနှင့် တီးတိန်ချင်းစာ (Zolai) အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါအစီအစဉ်ကို ခိုင်ကမ်းမြို့ SACC Project Assistant ဒေါ်မာလာခိုင်၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ကလေးသူငယ်များအနေဖြင့် သူတို့၏ မွေးရာပါခံစားပိုင်ခွင့်ရှိသည့် အခွင့်အရေးများနှင့် မိမိတို့၏ မိခင်ဘာသာစကားနှင့် စာပေကို သိရှိနိုင်စေရန်အတွက် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ရာ ကလေးလူငယ် အယောက် ၃၀ ခန့် တက်ရောက်ခဲ့ကြောင်းနှင့် ဧပြီလကုန်ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း  ခိုင်ကမ်းမြို့ SACC Project Assistant ၏ ပြောပြချက်အရ သိရသည်။ 

 

(မြို့နယ် ပြန်/ဆက်)