ခိုင်လီဂျန်နာနဲ့ အလုပ်ကိစ္စကလွဲရင် ပတ်သက်မှု ဘာမှမရှိဟု ပြောလိုက်တဲ့ သက်တော်စောင့် တင်

၁၅ မေ

 

ယောကျာ်းပီသတဲ့ ခိုင်လီဂျန်နာရဲ့ သက်တော်စောင့်ဟာ လက်တလောမှာ ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ငြင်းလိုက်ပါတယ်၊ ခိုင်လီဂျန်နာနဲ့ သူ့ရဲ့ချစ်သူ တာဗစ် စကောက်တို့ ဖေဖော်ဝါရီလ အတွင်းကမှ မွေးဖွားထားတဲ့ ကလေးငယ် စတော်မီဟာ ဖခင်ဖြစ်သူ စကောက်နဲ့ ရုပ်ချင်းမတူဘဲ ခိ်ုင်လီဂျန်နာရဲ့ သက်တော်စောင့်ဖြစ်သူ တင်ချောင်နဲ့ ရုပ်ချင်းဆင်တူတယ်ဆိုပြီး လူမှုကွန်ရက်မှာ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်၊ အဲဒီ အတင်းအဖျင်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ အတော်လေး လူပြောများနေပြီး သက်တော်စောင့်ဖြစ်သူ တင်ချောင်ကို သတင်းထောက်တွေက ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းကြရာမှာတော့ တင်ချောင်ဟာ ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။ 

 

ဒီလိုနဲ့ သူ့ရဲ့ ငြင်းဆိုမှုဟာ သတင်းတွေမှာ နေရာယူလာတော့ တင်ချောင်လည်း မနေသာတော့ပါဘူး၊ ကောလာဟလတွေနဲ့ ပတ်သက်ပြီး စနေနေ့မှာ ပြောကြားခဲ့ပါတယ်၊ တင်က “ကျွန်တော်ဟာ ကိုယ်ရေးကိုယ်တာ အချက်တွေကို ထုတ်ဖော်ပြောလေ့ မရှိပါဘူး၊ ယုတ္တိမရှိတဲ့ အတင်းအဖျင်းတွေကို ပြန်လည် တုံ့ပြန်လေ့မရှိပါဘူး၊ အခု ကောလာဟလတွေကတော့ အလွန်ပဲ ရယ်ချင်စရာ ကောင်းလှပါတယ်၊ အစကတော့ ဘာမှမပြောတော့ဘူးလို့ စဉ်းစားထားပေမယ့် ခိုင်လီ၊ တာဗစ်နဲ့ သူတို့ရဲ့ကလေး၊ ခိုင်လီရဲ့မိသားစုကို အားနာလို့ အခုလိုပြောရတာပါ၊ ကျွန်တော်ဟာ အလုပ်ကိစ္စ ကလွဲရင် ခိုင်လီနဲ့ ဘာမှပတ်သက်စရာ မရှိပါဘူး၊ မီဒီယာတွေဟာလည်း ဒီထက်ပိုပြီး ယုတ္တိမရှိတဲ့ဇ ာတ်လမ်းတွေမှာ ကျွန်တော့်ကို ဆွဲမထည့်ပါနဲ့တော့” လို့ အင်စတာ ဂရမ်မှာ ရေးသားခဲ့ပါတယ်။

 

ဟယ်လို 
ခြူး