ခါမ်းပါတ် ၁ ဧပြီ
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ခါမ်းပါတ်မြို့တွင် မတ်လ ၃၁ ရက် ညနေ ၄ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမှတ်(၁)ရပ်ကွက် အလယ်တန်းကျောင်းခွဲရှိ စာသင်ဆောင် တစ်ဆောင်၏ အမိုးသွပ်ပြားအချပ်(၁၀ဝ)ခန့် လွင့်ပါသွားခဲ့ပြီး အမိုးများပျက်စီးခဲ့ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ဇော်ဝင်းထွန်း


