မုံရွာ ၃ဝ  မတ် 

 

၂ဝ၁၉ ခုနှစ် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် ထည့်သွင်းကျင်းပရန် စီစဉ်ထားသော ဒေသထုတ်ကုန်ပြခန်းတွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ ဦးဝင်းမြင့်ဦးစီးထုတ်လုပ်သည့် ဘက်ထရီဆိုလာကား၊ ဘက်ထရီသုံးဘီးယာဉ်၊ မသန်းစွမ်းသူများအသုံးပြုနိုင်သည့် ဘက်ထရီစက်ဘီးများ ထုတ်လုပ်ပုံအဆင့်ဆင့်ကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

'' အရင်ကတော့ ကျွန်တော်က ကားဘော်ဒီဆရာလုပ်တာ အနှစ်(၂ဝ)ကျော်တယ်၊  အခုဘက်ထရီ ဆိုလာကား၊ ဘက်ထရီသုံးဘီဆိုက်တွဲနဲ့ မသန်စွမ်းသူတွေအသုံးပြုနိုင်တဲ့ ဘက်ထရီ စက်ဘီးတွေကို ထုတ်လုပ် တာတော့(၃)နှစ်လောက်ရှိပြီ၊ ဘက်ထရီဆိုလာကားဆိုရင် နည်းပညာပိုင်းပါတယ်၊ လူတွေလည်းနှစ်သက်တယ် အားပေးနိုင်တယ်ဆိုတဲ့စိတ်ကူးရှိခဲ့တယ်၊ အခုအခြေအနေကတော့အပျော်တမ်းထုတ်လုပ်တဲ့အဆင့်မှာပဲ ရှိသေး တယ်လို့ ပြောရမှာပါ၊ အခုသင်္ကြန်ပွဲတော်မှာတော့  ပြခန်းမှာ ကားထုတ်လုပ်ပုံအဆင့်ဆင့်ကိုတော့ ပြသဖို့ စီစဉ်ထားတယ်'' ဟု ဘက်ထရီဆိုလာကား၊ ဘက်ထရီ သုံးဘီးယာဉ်၊ မသန်းစွမ်းသူများအသုံးပြုနိုင်သည့် ဘက်ထရီစက်ဘီးများကိုတီထွင်ထုတ်လုပ်သူ ဦးဝင်းမြင့်က ပြောသည်။

 

ဘက်ထရီဆိုလာကားများသည် တစ်နာရီလျှင် ကီလိုမီတာ (၆ဝ)အမြန်နှုန်းဖြင့် ပြေးဆွဲနိုင်ပြီး (၄)နာရီ အားသွင်းထားသည့် ၄၅ အမ်ပီယာ ဘက်ထရီ(၆)လုံးဖြင့် တပ်ဆင်ပါက ခရီးမိုင်(၅ဝ)ရောက်နိုင်ပြီး ဘက်ထရီ (၁၂)လုံးတပ်ဆင်ပါကခရိး မိုင်(၁ဝဝ)အထိ တစ်ပြိုင်နက်တည်းပြေးဆွဲနိုင်မည်ဖြစ်ရာ မြို့တွင်းခရီးတို သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင်အသုံးပြုရန် သင့်တော်သော တီထွင်ထုတ်လုပ်မှုဖြစ်သော်လည်း တရားဝင် ထုတ်လုပ်ခွင့်ရရှိရေးတွင် ကန့်သတ်ချက်များကြောင့် အခက်အခဲများ ရှိနေသေးကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

electric so