ခင်ဦး ၈ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သင်ပေါင်းကားကျေးရွာ အနီးတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် (၂၀)ဦးအနက် (၁၂)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၇ ရက် နံနက် ၉ နာရီခွဲခန့်တွင် ခင်ဦးမြို့နယ်၊ ကုန်ကြီးနယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ်ထွန်းလင်း ဦးစီးသော အဖွဲ့သည် ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကန့်ဘလူမြို့နယ်၊ ဂွေးကုန်းကျေးရွာနေ နေထက်လင်းဆိုသူ မောင်းနှင်လာသော TOYOTA DYNA အမျိုးအစား ယာဉ်နံပါတ်မပါယာဉ်သည် ခရီးသည်(၂၀)ဦး တင်ဆောင်ပြီး မောင်းနှင်လာစဉ် ခင်ဦးမြို့နယ်၊ သင်ပေါင်းကားကျေးရွာအနီးရှိ မှန်သာချောင်းတံတား တောင်တက်တွင် နောက်သို့ပြန်ကျကာ လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ (၂၀)ဦးအနက် (၁၂)ဦး ဒဏ်ရာရရှိသွားသဖြင့် ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ နေထက်လင်းအား ခင်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)


