ကိန်းစ် ရုပ်ရှင်ပွဲတော်မှာ စိတ်ဝင်စားခြင်း အခံရဆုံး ဖြစ်ခဲ့တဲ့ ဂျွန်ထရာဗိုတာ

မေ ၁၇

 

ဟောလိဝုဒ်မင်းသားကြီး ဂျွန်ထရာဗိုတာဟာ လတ်တလောမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာရုပ်ရှင် ထူးချွန်ဆုပေးပွဲ တစ်ပွဲဖြစ်တဲ့ ကန်းစ်ရုပ်ရှင်ပွဲတော်မှာ အများရဲ့စိတ်ဝင်စားခြင်း အခံရဆုံးသော ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီပွဲတော်မှာ မင်းသားကြီးပါဝင်ထားတဲ့ ရုပ်ရှင်ကိုထုတ်လွှင့်ပြသခဲ့ပြီး လူအများရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ အကြောင်းအရင်းကတော့ ယင်းရုပ်ရှင်ကြောင့်မဟုတ်ဘဲ ဖျော်ဖြေပွဲမှာ အဆိုတော်နဲ့အတူ ကခုန်ခဲ့တဲ့ မင်းသားကြီးရဲ့ အပြုအမူများကြောင့်ဖြစ်တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

လတတ် လောမှာ အသက ် (၆၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျွန်ထရာဗိုတာဟာ ပြီးခဲ့တဲ့ မေ ၁၅ ရက်က ရက်ပ်တေးသံရှင် ဖစ်ဖတိစန့်ရဲ့ဖျော်ဖြေပွဲမှာတော့ ဖျော်ဖြေရေး စင်မြင့်ပေါ်တက်ကာ စိတ်လွတ်ကိုယ်လွတ် ကခုန်ခဲ့တာဖြစ်ပါတယ်။ မင်းသားကြီးရဲ့ နာမည်ကျော်ရုပ်ရှင်တွေ ဖြစ်ကြတဲ့ ]]Saturday Night Fever}} နဲ့ ]]Grease}} ထဲကလို ကခုန်ခဲ့တဲ့ သွက်လက်တဲ့ လှုပ်ရှားဟန်တွေကို လက်ရှိ အသက်အရွယ်ရောက်သည့်တိုင်အောင် တွေ့မြင်နေခဲ့ရတာဖြစ်ပါတယ်။ ဂျွန်ထရာဗိုတာရဲ့ ကခုန်နေတဲ့ ပုံရိပ်တွေ ပါဝင်တဲ့ ဗီဒီယိုတွေဟာလည်း အွန်လိုင်းမီဒီယာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး မင်းသားကြီးရဲ့ အကစွမ်းရည်ကို အများက ချီးကျူးခဲ့ကြပါတယ်။

 

မေ ၁၅ ရက်မှာ ဂျွန်ထရာဗိုတာရဲ့ ရုပ်ရှင် ]]Gotti}}  ကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဲဒီ နောက် ပါတီပွဲနဲ့အတူ ဖျော်ဖြေပွဲကိုလည်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲဟာ မင်းသားကြီး ဂျွန်ထရာဗိုတာ အတွက် ရည်ရွယ်ပြုလုပ်ပေးတဲ့ပွဲလည်း ဖြစ်ပါတယ်။ မင်းသားဟာ ယခုနှစ်ရဲ့ ပွဲတော်မှာ ရုပ်ရှင်စံပြဂုဏ်ပြုဆုကို ချီးမြှင့် ခံခဲ့ရတာဖြစ်ပြီး မင်းသားကြီးအတွက် ဂုဏ်ပြုဖျော်ဖြေတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒုစရိုက်လုပ်ငန်းတွေနဲ့ ကြီးပွားချမ်းသာလာသူ သူဌေးကြီး ဂျွန်ဂေါ်တီအကြောင်း ပုံဖော်ထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင် ]]Gotti}} မှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဂျွန်ဂေါ်တီအဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးကိုတော့ ပစ်ထ်ပူးလ်က သီဆိုထားတာဖြစ်တာကြောင့် ရုပ်ရှင်ရဲ့အဖွင့်ကိုပစ်ထ်ပူးလ်ရဲ့ ဖျော်ဖြေမှုနဲ့အတူ စတင်ဖို့ရာ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခမ်းအနားကျင်းပဖို့ နှစ်ရက်ခန့်အလိုမှာ ပစ်ထ်ပူးလ်အနေနဲ့ အသံပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာကြောင့် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ကြောင်း ထုတ်ဖော် ပြောကြားလိုက်ရာ ပစ်ထ်ပူးလ် နေရာမှာ ဖစ်ဖတိစန့်က အစားထိုးဖျော်ဖြေပေးခဲ့တာဖြစ်ပါတယ်။

 

ယင်းဖျော်ဖြေပွဲမှာတော့ အော်စကာဆန်ခါတင် စာရင်းဝင်မင်းသားကြီး ဂျွန်ထရာဗိုတာဟာ ဖစ်ဖတိစန့်ရဲ့ ပြီးခဲ့တဲ့ ၂၀ဝ၅ ခုနှစ်အတွင်း အလွန်ကို ကျော်ကြားခဲ့တဲ့ တေးသီချင်း ]]Just a Lil Bit}} ကို ဖျော်ဖြေနေစဉ် စင်မြင့်ထက်ကို ခုန်တက်ခဲ့ကာ ဖစ်ဖတိစန့်နဲ့အတူ ကခုန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စင်မြင့်ထက်မှာ ပျော်ရွှင်စွာ ကခုန်နေတဲ့ ဂျွန်ထရာဗိုတာကို အောက်မှာကြည့်နေကြတဲ့ပရိသတ်တွေဟာ ဖုန်းတွေနဲ့ ဗီဒီယိုရိုက်ယူခဲ့ကာ အွန်လိုင်းမီဒီယာပေါ်မှာ ထုတ်ဖော်ပြသခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ တေးသံရှင် ဖစ်ဖတိစန့်ကလည်း မင်းသားကြီးကနေတဲ့ ဗီဒိီယိုဖိုင်ကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပြီး ဒီပွဲကို တက်ရောက် ဖျော်ဖြေဖြစ်ခဲ့တဲ့အကြောင်းမှာ ဂျွန်ထရာဗိုတာကြောင့် ဖြစ်ကြောင်းလည်း ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။

 

ဒီပါတီပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံခဲ့စဉ်မှာတော့ ဂျွန်ထရာဗိုတာက အခုလို ကခုန်ခဲ့ရတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။ မင်းသားကြီးက တေးသံရှင် ဖစ်ဖတိစန့်ဟာ ဒီဖျော်ဖြေပွဲမှာ တက်ရောက် ဖျော်ဖြေပေးဖို့ရာ နာရီ ၂၀ ကျော်ကြာ လေယာဉ်စီးကာ လာရောက်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဖစ်ဖတိစန့်အတွက် သူလုပ်ပေး နိုင်တဲ့အရာတွေကို စဉ်းစားခဲ့ရာမှာတော့ တွဲဖက်ကခုန်ပေးဖို့ ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 

ကြေးမုံ