၁၈ ဖေဖော်ဝါရီ
တရုတ်နိုင်ငံအလယ်ပိုင်းက စတင်ပျံ့နှံ့ခဲ့တဲ့ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးဟာ အခုဆိုရင် ကမ္ဘာ့နေရာ ၃၀ နီးပါးကို ပျံ့နှံ့ခဲ့ပြီး ဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၁,၈၆၀ ကျော် သေဆုံးပြီဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ပျံ့နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံတွင်း လူပေါင်း ၇၂,၅၀၀ ဦးမှာ ကူးစက်ခံခဲ့ရကြောင်းနဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ၁,၈၆၈ ဦး သေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
တရုတ်နိုင်ငံပြင်ပ နေရာဒေသ ၃၀ နီးပါးရှိ လူဦးရေ ၉၀၀ ခန့်မှာလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရနေပါတယ်။
ကိုဗစ် 19 (COVID-19) ဗိုင်းရပ်စ်ရောက်ရှိနေသော နေရာဒေသများမှာ
အာရှဖစိဖိတ်ဒေသ
(၁) Diamond Princess သင်္ဘော - ၄၅၅ ဦး
(၂) စင်ကာပူ- ၇၇ ဦး
(၃) ဂျပန်- ၆၀ ဦး (တစ်ဦးသေ အပါအဝင်)
(၄) ဟောင်ကောင် - ၅၇ ဦး (တစ်ဦးသေ အပါအဝင်)
(၅) ထိုင်း- ၃၅ ဦး
(၆) တောင်ကိုရီးယား - ၃၀ ဦး
(၇) မလေးရှား - ၂၂ ဦး
(၈) ထိုင်ဝမ် - ၂၀ ဦး
(၉) ဗီယက်နမ် - ၁၆ ဦး
(၁၀) သြစတြေးလျး - ၁၅ ဦး
(၁၁) မကာအို- ၁၀ ဦး
(၁၂) အိန္ဒိယ - ၃ ဦး
(၁၃) ဖိလစ်ပိုင် - ၃ ဦး (တစ်ဦးသေ အပါအဝင်)
(၁၄) နီပေါ - ၁ ဦး
(၁၅) သီရိလင်္ကာ - ၁ ဦး
(၁၆) ကမ္ဘောဒီးယား - ၁ ဦး
အနောက်အမေရိက
(၁) အမေရိကန် - ၂၉ ဦး
(၂) ကနေဒါ - ၈ ဦး
ဥရောပ
(၁) ဂျာမနီ- ၁၆ ဦး
(၂) ပြင်သစ် - ၁၂ ဦး (တစ်ဦးသေ အပါအဝင်)
(၃) ဗြိတိန် - ၉ ဦး
(၄) အီတလီ - ၃ ဦး
(၅) ရုရှား - ၂ ဦး
(၆) စပိန်- ၂ ဦး
(၇) ဖင်လန် - ၁ဦး
(၈) ဆွီဒင် - ၁ ဦး
(၉) ဘယ်လ်ဂျီယံ - ၁ဦး
အရှေ့အလယ်ပိုင်း
(၁) ယူအေအီး - ၉ ဦး
အာဖရိက
(၁) အီဂျစ် - ၁ ဦး
MDN
ကိုးကား- AFP


