၁၂ ဖေဖော်ဝါရီ
တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် 19 (COVID-19) ဗိုင်းရပ်စ်ပိုးအတွက် ကာကွယ်ဆေးကို ကြွက်တွေနဲ့ စတင်စမ်းသပ်နေပြီလို့ ဗြိတိန်နိုင်ငံက သိပ္ပံပညာရှင်များအဖွဲ့က ပြောပါတယ်။
လန်ဒန် အမ်ပီရီးရယ်ကောလိပ်မှ သုတေသနအဖွဲ့ဟာ ဆားစ်ကဲသို့ရောဂါပိုးကို ထိထိရောက်ရောက်နဲ့ အန္တရာယ်ကင်းကင်း တားဆီးနိုင်တဲ့ ကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်းမှာ ထုတ်လုပ်နိုင်ဖို့က အန္တိမရည်မှန်းချက် ဖြစ်ပါတယ်။
သုတေသနအဖွဲ့မှာပညာရှင် ပေါ မက်ကေး က လက်ရှိ ကာကွယ်ဆေးကို ဘက်တီးယားပိုး ရှိတဲ့ ကြွက်တွေကို ထိုးထားပေးပြီးဖြစ်ပါတယ်။ လာမယ့်သီတင်းပတ်များမှာ စမ်းသပ်ထားတဲ့ ကြွက်တွေရဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး အပေါ် တုန့်ပြန်မှုကို တွေ့ရမှာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေက လတ်တလော နာမည်ကြီးနေတဲ့ ဗိုင်းရပ်စ်ပိုးအား တိုက်ဖျက်နိုင်ရေးအတွက် ဆေးထုတ်လုပ်နိုင်ရန် အလျင်အမြန် လုပ်ဆောင်နေတာဖြစ်ပါတယ်။ လန်ဒန်အမ်ပီရီရယ် ကောလိပ်က တခြား သုတေသနအဖွဲ့တွေရဲ့အခြေအနေ ဘယ်အဆင့်အထိ ရောက်နေတယ်ဆိုတော့ကို သူအနေနဲ့ မပြောနိုင်ကြောင်း ပြောပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းတက္ကသိုလ်က ကိုဗစ် 19 (COVID-19) ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြွက်တွေပေါ်မှာ စမ်းသပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ကြေညာသွားပါတယ်။ ဒါပေမယ့် ဒေသတွင်း သတင်းတွေအရ တရုတ်နိုင်ငံတွင်းက စမ်းသပ်မှုကို တရားဝင်ထုတ်ပြန်ခြင်းမရှိကြောင်း ပြောပါတယ်။
MDN
ကိုးကား -AFP


