၁၁ မတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှုကို ထိန်းချုပ်ရန်အတွက် အီတလီနိုင်ငံတစ်ခုလုံးကို ပိတ်ဆို့ထားခဲ့ပြီးနောက် သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုများကိုလည်း အီတလီနိုင်ငံမှ ဆိုင်းငံ့ထားလိုက်သည်။
အီတလီနိုင်ငံတွင် ရောဂါကူးစက်ခံရသူပေါင်း ၁၀ဝ၀ဝသို့ ရောက်ရှိသွားပြီဖြစ်သည်။
အီတလီအစိုးရမှ အင်္ဂါနေ့မှစပြီး တိုင်းပြည်အတွင်း ကန့်သတ်ချက်များ ချမှတ်လိုက်သည်။
ပြည်သူများကို အလုပ်မရှိလျင် အိမ်တွင်နေထိုင်ကြရန်နှင့် အဆိုပါ အရေးပေါ်အခြေအနေကို ဧပြီ ၃ ရက်နေ့အထိ ကြေညာထားသည်။
ဧပြီလ ၄ ရက်နေ့အထိ အီတလီနိုင်ငံမှ လေကြောင်းလိုင်းများ အားလုံကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဗြိတိန်လေကြောင်းလိုင်းက ပြောကြားခဲ့သည်။ မတ်လ ၁၄ ရက်နေ့နှင့် ဧပြီလ ၃ ရက်နေ့ကြားတွင်လည်း လေကြောင်းလိုင်းများ အလားတူ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြင်သစ်လေကြောင်းလိုင်းမှလည်း ပြောကြားခဲ့သည်။
ဩစတြီးယားနိုင်ငံမှလည်း အီတလီသို့ အသွားအပြန်ပြုလုပ်မည့် ခရီးသည်များအတွက် ဝန်ဆောင်မှုပေးခြင်းကို ရပ်ဆိုင်းထားမည်ဟု ဆိုသည်။
အီတလီနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည့် ဆလိုဘေးနီးယားနိုင်ငံမှလည်း ခရီးသွားလာခြင်းကို ရပ်ဆိုင်းထားမည် ဖြစ်သည်။
အဆိုပါ ဆောင်ရွက်ချက်များသည် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက နိုင်ငံများအကြား ပိုမိုထိရောက် လာနိုင်သည်ဟု ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က ပြောကြားခဲ့သည်။
သို့သော်လည်း အီတလီနှင့်အခြားနိုင်ငံများအကြား ခရီးသွားလာခြင်းသည် ပို၍ ခက်ခဲလာနိုင်သည်ဟု မျှော်လင့်ရပြီး အီတလီနှင့် နယ်နမိတ်ချင်းထိစပ်နေသော စပိန်နိုင်ငံကလည်း အီတလီသို့ လေယာဉ်ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


