ကျိုက်လတ် အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် ဓမ္မဝိဟာရဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက  ယမန်နေ့မွန်းလွဲပိုင်းတွင် (UID) Unique Identity ကတ်များ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်လတ်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်နှင့် ဝန်ထမ်းများက Biometric(UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော ဘိုးဘွား ၂၅ ဦးအား UID နံပါတ်များကို ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား  ပျက်စီး၊ ပျောက်ဆုံးလျက်ရှိသည့် ဘိုးဘွားများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)