ကျိုက်မရော ၁၀ ဧပြီ 


    
နွေရာသီ၏ ပူပြင်းသော အပူရှိန်ကြောင့် ကျိုက်မရော မြို့နယ်အတွင်းရှိ အတ္တရံကျေးရွာအုပ်စု ပေါလောကျေးရွာ၌ သောက်သုံးရေတွင်းများ ခန်းခြောက်နေပြီး သောက်ရေပြတ်လပ်မှုများ ကြုံတွေ့နေရသဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျိုက်မရော လူငယ်ပရဟိတအဖွဲ့မှ ရေသယ်ယာဉ်နှစ်စီးဖြင့် အဆိုပါကျေးရွာသို့ သွားရောက်၍ ရေလှူဒါန်းခဲ့ရကြောင်း သိရသည်။

 


အတာသင်္ကြန်မတိုင်မီ ရေများပြတ်လပ်နေ၍ ကလေးများ သင်္ကြန်ရေကစားရန်အတွက်ပင် ရေအခက်ခဲရှိကြောင်း၊ သောက်သုံးရေ လှူဒါန်းလိုသော စေတနာရှင်များအနေဖြင့် မည်သူမဆို သွားရောက်လှူဒါန်းနိုင်ကြောင်း ပရဟိတအဖွဲ့ခေါင်းဆောင် ဦးစောဒူးလေးထံမှ သိရှိရသည်။    

 

 
မြို့နယ် (ပြန်/ဆက်)

 

ee