ကျိုက်မရော  ၁၃ ဧပြီ

 


မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်၏ မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဗဟိုမဏ္ဍပ်ရှိရာ စင်မြင့်ထက်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက  နှစ်သစ်ကူးမ င်္ဂလာနှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားပေးပြီး ဗဟိုမဏ္ဍပ်အား မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 


ထို့နောက် မြို့ပေါ်ရပ်ကွက်အတွင်းရှိသ င်္ကြန်ယိမ်းလှပျိုဖြူလေးများက မြနန္ဒာတေးသီချင်းဖြင့် သံပြိုင်သီဆိုကခုန်ကာ အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသော မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား အတာရေအေးများ ပက်ဖြန်းပေးခဲ့ကြသည်။

 


ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)

 

ေေ