၂၈ ဖေဖော်ဝါရီ

ကိုလံဘီယာနိုင်ငံအလယ်ပိုင်း ကူဒီနာမာကာ ခရိုင်တွင် ကိုလံဘီယာ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့သဖြင့် လေယာဉ်အမှုထမ်းငါးဦးအနက် သုံးဦးသေဆုံးခဲ့သည်ဟု ကိုလံဘီယာ လေကြောင်းတပ်ဖွဲ့(FAC) က ပြောကြားခဲ့သည်။

 

အဆိုပါ Huey II ရဟတ်ယာဉ်သည် မဲလ်ဂါ ခရိုင် တိုလီမာမြို့တော်ရှိ အမှတ်(၄) လေတပ်စခန်းဌာနချုပ် နှင့် ကူဒီနာမာကာခရိုင် မက်ဒရစ်မြို့ရှိ လေတပ်စခန်းဌာနချုပ်တို့အကြား ပျံသန်းနေစဉ် ဘိုဂျာကာ ဒေသတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း FAC က ပြောကြားခဲ့သည်။

 

ထိုရဟတ်ယာဉ်မှ အသက်ရှင်ကျန်ရစ်သူနှစ်ဦးမှာ ရဟတ်ယာဉ်ကိုယ်ထည်ထဲတွင် ပိတ်မိနေခဲ့သည်ဟု ကူဒီနာမာကာခရိုင်၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီ က ပြောကြားခဲ့သည်။

 

ထိုရဟတ်ယာဉ်ပျက်ကျရာနေရာသို့ အနီးအနားမြို့များမှ မီးသတ်သမားများနှင့်အတူ လေတပ်နှင့် ကြည်းတပ်တို့မှ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိခဲ့ကြသည်။

 

ကိုလံဘီယာလေကြောင်းတပ်ဖွဲ့၏ ပြောကြားချက်အရ ၎င်းရဟတ်ယာဉ်သည် ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၁၀ မိနစ်တွင် မြေပြင်ထိန်းချုပ်မှုနှင့် နောက်ဆုံးဆက်သွယ်မှုရရှိခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို