၃ ဖေဖော်ဝါရီ

 

အာဖရိကအရှေ့ပိုင်းရှိ စားကျက်မြေနေရာများရှိ  စိုက်ခင်းများတွင် သဲကန္တရ ကျိုင်းကောင်များ၏ ဖျက်စီးမှုကြောင့် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုကို အကျပ်အတည်းဖြစ်စေနိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ထိပ်တန်းအရာရှိများက ပြောကြားခဲ့သည်။ 

 

အဆိုပါ ကျိုင်းကောင်များ၏ အန္တရာယ်ကြောင့် ကင်ညာ၊ ဆိုမာလီယာနှင့် အီသီယိုပီးယားတို့ရှိ လူပေါင်း ၁၂ သန်းခန့် ဘေးအန္တရာယ်ကျရောက်နိုင်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

11552

 

ကင်ညာနိုင်ငံတွင် နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး ကူးစက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။  

 

ကောင်းကင်ကို ဖုံးအုပ်ထားသည့် ပိုးမွှားများ၏ ပုံများကို ဗွီဒီယိုဖိုင်ထဲတွင် ဖော်ပြထားသည်ဟု ဆိုသည်။ 

 

ပြင်းထန်စွာ ထိခိုက်ခံခဲ့ရသည့် ဒေသများမြင့်တက်လာခြင်းကို  တိုက်ဖျက်ရန် ပိုးသတ်ဆေးများကို လေထဲမှ ပက်ဖြန်းလျက်ရှိသည်။ 

 

11553

 

တစ်ရက်လျှင် လူပေါင်း ၃၅၀၀၀ အစာစားခြင်းနှင့် ညီမျှသည့် ပဏာမရှိသည့် မြေအောက်ရေကို အဆိုပါ သဲကန္တရကျိုင်းကောင်များက ဖျက်စီးစားသောက်နိုင်သည်ဟု ဆိုသည်။ 

 

ပျိုးပင်များပြုစုပျိုးထောင်ရန်အတွက် အခြေအနေများမှာ ပိုမိုဆိုးရွားလာနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

 

သဲကန္တာရ ကျိုင်းကောင်များ၏ ဖျက်စီးမှုမြင့်တက်လာခြင်းကြောင့် လယ်ယာစိုက်ပျိုးရေးဖြင့်အသက်မွေးဝမ်းကျောင်းပြုသည့် အာဖရိကအရှေ့ပိုင်းဒေသရှိ လူများ၏ လူနေမှုဘဝနှင့် စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နိုင်သည်ဟု ကမ္ဘာစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့က သတိပေးလျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်