ကျိုင်းတုံ ၅ ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျိုင်းတုံ-လွယ်မွေလမ်း ကွန်ကရစ် ကတ္တရာလမ်း တိုးချဲ့လုပ်ဆောင်နေမှုအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်လမ်းဦးစီးမှူး ဦးအောင်ထွန်းဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများလိုက်ပါ၍ ဧပြီလ ၅ ရက်၊ နံနက် ၁၀ နာရီက သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

အဆိုပါ ဆောင်ရွက်လျက်ရှိသော အရှည် (၃၁ ဒသမ ၉၈) ကီလိုမီတာ၊ အကျယ်(၁ ဒသမ ၂)ကီလိုမီတာရှိ ကွန်ကရစ်လမ်းခင်းဆောင်ရွက်နေမှုအား ကျိုင်းတုံမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လမ်းခင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လုပ်ငန်းတာဝန်ခံနှင့် တာဝန်ရှိသူများက ရှင်းလင်တင်ပြပြီးနောက် လမ်းဘေးဝဲယာတစ်လျောက် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ အမှိုက်သရိုက်အညစ်အကြေးများ စွန့်ပစ်မှုမရှိစေရန်၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် ဒေသခံပြည်သူများမှ စုပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများက မှာကြားခဲ့ကြောင်း သိရှိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)