ကြို့ပင်ကောက် ၁၉ မတ် 


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် နွေရာသီပညာဒါန အင်္ဂလိပ်စာအခမဲ့သင်တန်းကို အထက(ပန်းတင်)ကျောင်း မင်းခေါင်ခန်းမတွင် မတ် ၁၈ ရက်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သင်တန်းတွင် အထက(ပန်းတင်)ကျောင်း အငြိမ်းစားဆရာကြီးဖြစ်သော ချောင်ခွဘုန်းတော်ကြီး ကျောင်းဆရာတော် ဦးသုန္ဒရနှင့် ဆရာဆရာမများက ကျောင်းသားကျောင်းသူ ၈၀   အား ဦးဆောင်သင်ကြားလျက်ရှိပြီး သင်တန်းကာလ ကို ရက် ၃၀ သတ်မှတ်၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းကို အထက(ပန်းတင်) ကျောင်းသား ကျောင်းသူဟောင်းများမှ ပထမဆုံးအကြိမ် ဦးဆောင်ဖွင့်လှစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လာမည့်နှစ်များတွင်လည်း ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)