၁၆ မတ်
ဒေသစံတော်ချိန် ယနေ့မနက် ၁၀ နာရီ ၃၀ မိနစ် က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁ ဦး ရှိလာကြောင်းနှင့် စုစုပေါင်း ၈၀၄ ဦး ရှိပြီဖြစ်ကြောင်း ဂျပန်ကျန်းမာရေးအာဏာပိုင်များက အတည်ပြုခဲ့သည်။
အဆိုပါ ကိန်းဂဏန်းထဲတွင် ဒိုင်းမွန်းပရင့်စ် ဇိမ်ခံသင်္ဘောနှင့်ဆက်စပ်သော ကူးစက်ခံရသူများနှင့် တရုတ်မှ စင်းလုံးငှားလေယာဉ်များနှင့် ပြန်လာသော ၁၄ ဦး တို့ မပါဝင်ပေ။ ထိုသင်္ဘောပေါ်မှ ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ၁၅ ဦးမှ ၇၁၂ ဦးအထိ မြင့်တက်လာခဲ့သည်။
ဂျပန်နိုင်ငံတွင် သေဆုံးသူ နှစ်ဦးမှ ၃၁ ဦးအထိ ရှိလာခဲ့ပြီး ၎င်းတို့အနက် ၂၄ ဦးသည် ဂျပန်နိုင်ငံတွင် ကူးစက်ခံရသူများဖြစ်ပြီး ခုနစ်ဦးသည် ဇိမ်ခံသင်္ဘောပေါ်မှဖြစ်သည်။
ဂျပန်နိုင်ငံ မြောက်ဖျား ဟော့ကိုင်းဒိုးခရိုင်တွင် ရောဂါကူးစက်ခံရသူ ၁၄၈ ဦးရှိပြီး ဂျပန်နိုင်ငံတွင် အများဆုံးဖြစ်သည်။ အိုင်အိချိ ခရိုင်တွင် ၁၂၁ ဦး၊ အိုဆာကာခရိုင်တွင် ၁၀၆ ဦး၊ တိုကျိုတွင် ၉၀ ဦး၊ ဟယောဂို ခရိုင်တွင် ၇၈ ဦးနှင့် ခါနာဂါဝါတွင် ၅၅ ဦးတို့ ကိုရိုနာရောဂါ ကူးစက်ခံနေရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


